part-38(end)

27.6K 246 2
                                    

''5နှစ်ခန့်ကြာသော်''

''သားလေး...နေအလင်းရှိုန်..
ကျောင်းသွားဖို့..ပြင်မယ်..အပြင်မှာ
သား.ဖေဖေစောင့်နေပြီ''

''ဟုတ်ကဲ့...မေမေ''

အနော်က..သားလေးရဲ့..
လက်မောင်းကို.ပုတ်ကာ.ဆိုတော့
သားလေးက..ချက်ချင်းခေါင်းထောင်
လာကာ..အိပ်နေရာမှ..ထ၏..
5နှစ်ကျော်ကျော်.ခြောက်နှစ်ထဲ...ဆိုပေမယ့်
သားလေးက..လူကောင်ထွားကာ
အရပ်ရှည်၏.

မျက်နှာချွန်ချွန်..မေးရိုးကျကျ..
မျက်ခုံးထူးထူးလေးပင်
အရွယ်မရောက်ခင်ကတည်းက..
ခန့်ညားတဲ့.ရုပ်သွင်ကို.ပေါ်လွန်နေသည်

''မေမေ..ဒီနေ့.သားကို.ကစားကွင်း
လိုက်ပို့ရမယ်နော်''

''ဟုတ်ပါပြီ.သားရယ်
ညနေ.သားဖေဖေ...ဆေးရုံဆင်းရင်
သွားကြမယ်.ဟုတ်ပြီလား''

''ဟူတ်ကဲ့''

အနော်.သားလေးကို.ဂတိပေးပြီး
သားလေးရဲ့.ကိုယ်လေးကို
ပွေ့ချီကာ.ရေချိုးခန်းထဲ..ဝင်လိုက်၏..
ရေချိုးသန့်စင်ပြီးတော့မှ.ကျောင်း
ယူနီဖောင်းကို.ခါးပတ်နဲ့.တွဲဝတ်
ပေးလိုက်သည်
ကိုကိုက.သားလေးရဲ့.ဆံပင်ကိုဂတုံး
ပေါက်လေး..ထားထား၍...လူကြီးလေးလို
ရယ်စရာ.ကောင်းနေ၏..

စကားကလည်း.သွက်ကာ
ညဏ်ကလည်း.သိပ်ကောင်း၏..
ကိုကို.မျှော်လင့်ထားသည်က
သားလေး.အရွယ်ရောက်လာရင်
ပါရဂူကြီးဖြစ်စေဖို့ပါ

အနော်.သားလေးကို
နို့ရည်လိမ်းပေးပြီး..ကျောပိုးအိတ်ထဲ
လိုတာထည့်ပေးကာ...မုန့်ဖိုးပါ
တစ်ခါတည်း.ထည့်ပေးလိုက်၏..
အပြင်စာတွေ..သိပ်မစားစေချင်.ပေမယ့်
သားလေး.လိုတာသုံးဖို့ပါ

''ရုံလေး..ပြီးပြီလား..
ကိုယ်...ဂျူတီဝင်စရာ.ရှိသေးလို့
သားလေးကို.အမြန်ပို့ထားမလို့''

''ဟုတ်ပါပြီရှင့်..ဆေးရုံအုပ်ကြီးရယ်
တစ်ကတည်း..ရှင်ပဲ.အမိန့်ပေးနေ''

''ဗျာ..ကိုယ်က.မင်းကို
အမိန့်ပေးနေတာ.မဟုတ်ရပါဘူးဗျာ
အရေးကြီးCase မို့ပါ''

သူမလေးက.မျက်စောင်းရွယ်ကာ
မကျေမနပ်.ဆိုလာတော့.တန်ခိုး
သူမနှာဖူးလေးကို.နမ်းကာ
ပြာပြာသလည်း.ရှင်းပြ၏..

You've reached the end of published parts.

⏰ Last updated: Oct 12, 2024 ⏰

Add this story to your Library to get notified about new parts!

🌷သူချစ်ရပါသောဇနီး🌷Where stories live. Discover now