part-5

7.4K 116 2
                                    

part-5

''မေမေ....ဘယ်ကိုသွားမလဲ..
ကုန်တိုက်ပဲ.သွားမလား''

''အဲ့ဆီပဲ..သွားလိုက်ပါ..
တစ်နေရာထဲမှာ..အစုံရတော့ပိုကောင်းတာပေါ့.
သမီးလေးအတွက်..မြန်မာချိတ်လေးတွေ.ရွေးပြီး
မေမေရဲ့အသိ..ဒီဇိုင်နာဆီမှာ.အပ်ရမယ်''

.''သမီးလေးရော...မြန်မာဝမ်းဆက်ဝတ်ရတာ
ကြိုက်တယ်မဟုတ်လား''


''ရှင်''

အနော်..မျက်ဝန်းလေးတွေက..ဝိုင်းကျယ်သွားရသည် 
မေမေမျိုးက..ပြုံးကာပြောနေပေမယ့်
အနော်အားတာလို့..မဆုံးပါ..
မေမေမျိုးက..အနော်အပေါ်အရင်တုန်းကလို
နွေးထွေးသည်...
အနော်လိုအပ်တာကို..ဖြည့်ဆည်းပေးပါသည်
ဒါပေမယ့်..အနော်နဲမေမေမျိုးက.ဆွေးမျိုးမတော်တဲ့
သူစိမ်းတွေပါပဲ.
ဘာလို့များ..အနော်အပေါ်..ကောင်းနေရတာလဲ.အနော်
မသိပေပါဘူး


''မေမေ..ပါကင်ဆီပဲ..ထိုးလိုက်တော့မယ်
ဒီနေ့..ပိတ်ရက်မို့ထင်တယ်..လူတွေ
အရမ်းများနေတယ်...''

''အေအေ..သား..''

တန်ခိုး..မိခင်ဖြစ်သူကိုပြောပြီး
နေရာလွတ်တဲ့နေရာမှာ.ကားထိုးရပ်ကာ..
ကားပေါ်မှဆင်းလိုက်၏..
မေမေနဲ့သူမထွက်ဖို့.ကားတံခါးဖွင့်ပေးပြီး..
ကုန်တိုက်ထဲသို့..ဦးတည်လိုက်ပါသည်



''မေမေမျိုး''

''လာ.သမီးလေးမကြောက်နဲ့..
ဒီမှာ. သမီးလေးလိုချင်တာအကုန်ပြောနော်..
မေမေမျိုးဝယ်ပေးမယ်..
ခူသမီးလေးလိုတာက..ဖိနပ်တွေရယ်..
အိတ်တွေရယ်.အဝတ်အစားရယ်မဟုတ်လား''

''ဟို..အနော်နည်းနည်းဆို.ရပါပြီ''

''အို..ဘယ်ဟုတ်မလဲကွယ်..
ဒီမှာက..အပြိုင်အဆိုင်ဝတ်ကြတော့.
မေမေမျိုးကတော့.မေမေမျိုးသမီးလေးကို
မျက်နှာအငယ်မခံပါဘူး''

အနော်.မျက်ဝန်းတွေက..အကိုဆီပို့မိသွားသည်
မေမေမျိုးက..အနော်လိုအပ်တာတွေ..ဖြည့်ဆည်းပေးတယ်.ဆိုပေမယ့်သားဖြစ်သူ.အကိုက.သဘောမကျမှာ
အနော်စိုးသည်

အနော်က.နယ်ကမို့မပြည့်စုံပါ
မေမေမျိုးနဲ့.ရင်းနှီးတာကလည်း.မေမေမျိုးဟာ
အနော်တို့နေတဲ့ရွာသို့....အမြဲရောက်လာလို့ပင်


🌷 ချစ်လူကြမ်း 🌷Where stories live. Discover now