part-1

27.9K 312 6
                                    

🌷ချစ်လူကြမ်း🌷

part-1

''ရှုပ်ရှုပ်ယှက်ယှက်...မေမေရာ..
ဒီခေတ်ကြီးမှာ..လူတစ်ယောက်ကို
တင်ကျွေးထားဖို့...ဆိုတာ.လွယ်တာမဟုတ်ဘူး...ပြီးတော့..ကျတော်ကလူပျိုလူလွတ်
မသင့်တော်ပါဘူးမေမေရာ''

''ဟဲ့...တန်းခိုးပြည့်စုံ...
ငါခေါ်မှာက...ဟော့ဟော့ရမ်းရမ်းလည်း
မဟုတ်ဘူး...သမီး..နော်ပိုးရုံလေးက..
လိမ်မာရေးခြားရှိတဲ့..ကလေးမလေး..
ရွာမှာဆို...မောင်စောဖော်
တို့က..ဗိုင်းကောင်း
ကျောက်ဖိ..ဆိုဆုံးမထားတာ..
ဟွန့်....မင်းနဲ့အတူ...မိတ်ဆွေလိုလိုဘာလိုလို
မိန်းမတွေနဲ့...လာမယှဥ်နဲ့သား''

''ကျစ်''

တန်ဖိုး...ခေါင်းခါရမ်းကာ.
ကျစ်သပ်မိလိုက်၏...
အာတာချီကေ့ကိုလက်တစ်ဖက်ကာ
ကိုင်၍မျက်ခုံးလှုပ်ရင်း..စတိုင်ပင်.ဘောင်းဘီ
အနက်အိတ်ကပ်ထဲ..လက်တစ်ဖက်နိုက်ထားလိုက်၏..
မေမေကတော့..သူ့စကားကိုနားထောင်မှာ
မဟုတ်ပေ...
ကရင်ပြည်နယ်ဘက်က..မေမေကိုးကွယ်တဲ့
ဘဘုန်းကြီးရဲ့...တူမဆိုလား..
သူရေရေရာရာတော့..မသိ..ပါ
ဆေးကျောင်းတက်ဖို့တဲ့....
လူပျိုတစ်ယောက်နေတဲ့.အိမ်မှာ အပျို
တစ်ယောက်လာနေမယ်ဆိုတာ..ဖြစ်ရော
ဖြစ်သင့်နေရဲ့လား

''သား..မေမေကတော့.သမီးအနော်လေးကိူ
ချစ်တယ်သား..ခုဆို.သမီးလေး
လည်းအရွယ်ရောက်နေရော့ပေါ့..
ငယ်ငယ်ကဆို.စရစ်ဝိုင်းလေးနဲ့သိပ်ချစ်ဖို့
ကောင်းတဲ့..ကလေးမလေး..''

''..ဖြစ်ချင်တာပဲသိမနေနဲ့..မေမေရာ
ကျတော်က..မေမေပြောတဲ့.ကလေးမကို
ရှေ့ရေးကြိုတွေးပြီးပြောတာ..
ကျတော်လည်းဆရာဝန်မို့..ကျောင်းမှာ
စာပြသင့်တာ.ပြရသေးတယ်..
အဲ့ဒီမိန်းကလေး ဆေးကျောင်းတက်လို့
ကျတော်ကျောင်းသူ.ဖြစ်ခဲ့ရင်..
ဆရာနဲ့တပည့်က..တစ်အိမ်ထဲအတူတူ
နေတော့..တစ်ခြားကျောင်းသားတွေ
ဘယ်လိုမြင်ကြမလဲ..မေမေမစဥ်းစားတော့ဘူးလား''

''ဟဲ့..တော်ပြီ.တော်ပြီ..တန်ခိုးပြည့်စုံ
မင်းက.ဆရာဝန်ပီသအောင်မေမေစကားကို
ကန့်သတ်ဖို့ပဲ.သိနေတယ်..
သွားနားတော့...မေမေကတော့.သမီးအနော်လေးကို..အိမ်ခေါ်ထားမှာပဲ..အဆောင်မှာဆို
မေမေ..စိတ်အေးရမှာမဟုတ်ဘူး''

🌷 ချစ်လူကြမ်း 🌷Where stories live. Discover now