''အနော်ကို...လွတ်တော့....''
''ကျစ်..sorry..မင်းဘယ်နားနာသွားသေးလဲ''
''ဟင့်အင်း....''
အနော်..ခေါင်းသာရမ်းခါမိလိုက်သည်..
ထိုလူကြီးက..အနော်မျက်နှာကို
စိုက်ကြည့်၍..မျက်ခုံးစုံ.ပင့်သွားသည်..
အနော်...ရင်ဘတ်လေးက.ခုထိတုန်ရင်နေပြီး
ထိုလူကြီးကိုပင်...မျက်နှာချင်းမဆိုင်ရဲတော့''ကိုယ်တို့...သွားရအောင်..
ခဏနေ...နေအပူရှိုန်မြင့်လာတော့မယ်...''
လာ..တက်''''ရှင်..ဟုတ်ကဲ့''
အနော်ခေါင်းလေးသာ..တစ်ငြိမ့်ငြိမ်ဖြင့်
အသင့်ဖွင့်လာပေးသော..ကားပေါ်.
အလိုက်သင့်လေး..တက်လိုက်မိသည်.
ထိူလူက.အနော်ဘေး.မောင်းသူ
နေရာဝင်ထိုင်ပြီး...နေကာမျက်မှန်ကို.ချွတ်ကာ..အကျီကော်လံစနား..တွယ်ချိတ်သည်..
မေမေမျိုးရဲ့.သားတဲ့...
ချောတာထက်...ပိုပြီး..ခန့်တာပါ..
အဝတ်အစား..ဝတ်တာကစ.သန့်ပြန်နေပြီး
သဌေးသား.တစ်ယောက်ရဲ့.ဆိုက်ဂိုက်လိုမျိုး''ခါးပတ်...ပတ်လေ''
''ဟင်...အနော်..အနော်မပတ်တတ်ဘူး''
''ကျစ်''
တန်ခိုး..မျက်ခုံးပင့်၍.အူလည်လည်
လေးဖြစ်နေသော.ချာတိတ်ကို.အားမရစွာ
ကြည့်၍..သူမနား.ခေါင်းတိုးကပ်ကာ
ခါးပတ်ကို..ကျွမ်းကျင်စွာ.ပတ်ပေးလိုက်၏''ဟင်..ဟို''
အနော်..မျက်နှာလေး.ရဲတက်နေပြီး..
နီးကပ်သွားတဲ့..အခြေအနေကြောင့်
ရင်တုန်မိနေသည်..
လူကြီးကတော့..ဘားမှဖြစ်ပေမယ့်..
အနော်ကတော့...မျက်နှာလေးပင်..ပူနေသည်''နောက်ဆို...ကိုယ့်ဖာသာ..ပတ်တတ်အောင်
ကြိုးစားထား....နယ်မှာနေတုန်းကလို
အသလိုလို..နုံသလိုလိုနေလို့မရဘူး..
ဒီမှာ..မင်းထက်လည်သူတွေကြီး..
ကျက်စားနေတာ''''ဟုတ်...ဟုတ်ကဲ့ပါရှင့်''
''အဟွန့်''
တန်ခိုး...နှုတ်ခမ်းတွန့်ကာရယ်မိသွား၏
ချာတိတ်မက..ခေါင်းလေးတစ်ငြိမ့်ငြိမ့်နဲ့..
စကားသံလေးတွေက..စတုန်ရင်နေသည်..
သူ့ထက်..ငယ်လွန်းသေးပြီး.နယ်ကမို့.
မရဲတင်းတာလည်း...သူ.အပြစ်မဆိုပါ..