''နော်ပိုးရုံ..လာတက်..
အိမ်ပြန်မယ်....''''ရှင်....ဟို..အကို''
အနော်..အလန့်တကြားဖြစ်သွားရသည်
အနော်နားရောက်လာတဲ့..အကိုက..
အနော်လက်ကို..ဆွဲ၍...ကားထဲ.အတင်း
ဆွဲသွင်းရန်..ပြင်လေသည်.
အနော်နဲ့..စကားပြောနေသော..ကိုရှိုင်းက..
မျက်မောင်ကုပ်၍...အကိုအပေါ်.မကျေနပ်ပုံပါအနော်.ကြားထဲက..မျက်နှာပူလာရပြီး..
ကိုရှိုင်းကို...တောင်းပန်တစ်လျှိုကြည့်၍''အနော်..အိမ်ပြန်လိုက်သွားတော့မယ်.ကိုရှိုင်း..
အနော်.တောင်းပန်ပါတယ်''''ရတယ်.နော်ပိုး..ကိုယ်တို့.မနက်မှ
တွေ့ကြမယ်.ပြီးတော့.ကိုယ်တောင်းထားတာ
ပေးဖို့.မမေ့နဲ့''''မင်း..ဒီကောင်ပြောတာ..လိုက်နာစရာ
မလိုဘူး..နော်ပိုးရုံ..
လာ..သွားမယ်..တောက်''''ရှင်..ဟင့်..အကို...''
အနော်..မျက်နှာပူကာ.ရှက်ရွံလာသည်..
ကိုရှိုင်းက.အနော်ကို..တိုးတိတ်စွာဆိုသော်လည်း
အကိုက.ကြားက...မကျေနပ်သည့်ပုံ.ပေါ်နေသည်
ပြီးတော့..ကိုရှိုင်းကို.ထိုးကြိတ်တော့မည့်အလား
ကြည့်၍..အနော်ရဲ့.လက်ကို...မညာမတာ
ဆွဲယူ၍..အနီးတွင်ရပ်ထားသော
ကားထဲ..ထိုးထည့်၏..
အနော်ရဲ့.ပိန်ပါးတဲ့.ကိုယ်လုံးလေးက.
ကားထဲ..စက္ကူလေးပမာ..ကျရောက်သွားကာ
ကားတံခါးကို..ခပ်နာနာ.ဆောင့်ပိတ်ချင်း.ခံလိုက်ရသည်''ဒူန်း''
''တောက်....''
''ကျစ်..ဟားကွာ''တန်ဖိုး.ကားပေါ်ရောက်ရောက်ရင်း
ကားစပယ်ရာတိုင်ကို.လက်နဲဖိဆုပ်၍
မကျေမနပ်.အံကြိတ်ပစ်လိုက်၏
သူ့ရှေ့မှာတောင်..ဟိုကောင်က...သူမကို
အသာစီးယူနေပါလား..
သူကွယ်ရာမှာဆို.ဘယ်လောက်များရင်းနှီး
နေကြပြီလဲ..
ပြီးတော့. သူမကလည်း...အပြုံးချိုချိုတွေ
ပေးနေလိုက်တာ.
သူ့ရှေ့မှာဆို..ယုန်သူငယ်လေးလို.ကြောက်တတ်တဲ့
သူမက..ဟိုကောင်ရှေ့မှာဆို...ပြုစားတတ်တဲ့
ကဝေမလေးလို..သူတော့..ရူးပြီ...
မကျေမနပ်.သဝန်တိုလွန်း၍.ရူးနေပြီ..
သူတစ်ပါး..ဆွတ်ခူးတော့မည့်..သူမကို..
ထိုင်ကြည့်နေရတာလည်း.ရင်မောနေချေပြီ..
အချစ်က. ပေးဆပ်ချင်းလား..
ရယူသိမ်းပိုက်ချင်းလား..သူ....မသိပေမယ့်..
သူမကိုတော့..တစ်သက်လုံး.ပိုင်ဆိုင်ချင်သည်..
သူက..သူရဲ့.အချစ်အတ္တပဲ..