''ဒေါက်..ဒေါက်''...
''အကို....အကို.....မနိုးသေးဘူးလားရှင့်..
မေမေမျိုးက....အနော်ကိုနိုးခိုင်းလိုက်လို့ပါ''''အကို...''
အခန်းထဲ...အသံပေးသံမကြားရ၍
အနော်မျက်နှာလေးညိုးငယ်သွားရသည်
ယောကျာ်းကြီးတန်မယ့်..အအိပ်မက်လှသည်မို့
အံဩမိပါသည်.
တံခါးကို.အကြိမ်ကြိမ်ခေါက်သော်လည်း..
အထဲက ထူးသံပင်.မကြားရပါ..
တံခါးမဖွင့်ပဲ.နိုးရင်.အိပ်နေသူ...မကြားမည်စိုး၍
အားလေးတင်းကာ..တံခါးကို.ဆွဲဖွင့်ရန်
ပြင်လိုက်မိပါသည်''ဂလက်''
''ဟင်''
အခန်းတံခါးပွင့်သွားသော်လည်း
အခန်းထဲ.မည်သူမှမရှိ၍.မျက်လုံးလေး
အပြူးသားဖြစ်သွားရသည်..
ရေချိုးခန်းဖြစ်ဟန်တူသော.အခန်းဘက်
လှည့်ကြည့်မိပြီး...ခြေလှမ်းတွေက ထိုအခန်းဆီသို့
တစ်ဖြည်းဖြည်းတိူးကပ်မိပါသည်''အကို..အကိုရေ''
''အကို''
''ဝုန်း''
''ကျစ်..မင်းဘာလို့..ဝင်လာတာလဲ..
ဟား..ကွာ''''ရှင်''
ရေချိုးခန်းရှေ့.အနော်မရောက်ခင်
အနော်အသံကြောင့်..ရေချိုးခန်းတံခါးက
လျင်မြန်စွာပွင့်လာသည်
အပေါ်ပိုင်းဗလာဖြင့်...ထိူလူကြီးက
အနော်ကိုမြင်တော့.ဒေါသတကြီးအော်မေးသည်..
အနော်..ဝတ်ထားသော.လှံခြည်စလေးကို
ဆုပ်၍. မျက်လွှာသာ.အလိုလိုချမိလိုက်ပါသည်''မေမေ. မေမေမျိုးက..အကို.ကိုနိုးခိုင်းလိုက်လို့ပါ..
အနော်အခန်းထဲ..ဝင်ဖို့မရည်ရွယ်ပါဘူး
ဒါပေမယ့်. အကိုက''''တော်ပြီ...ဖြေရှင်းချင်တွေမပေးနဲ့တော့''
တန်ခိုး.သူမစကားကိုတား၍..
ဗီရိုထဲမှ..အကျီကို..ထုပ်လိုက်ကာ''မေမေက.မနက်စာစားဖို့ခေါ်ခိုင်းလိုက်တာ
မဟုတ်လား...ရပြီသွားတော့နောက်တစ်ခါဆို..
ယောကျာ်းလေးနေတဲ့.အခန်းကိုလုံးဝ.မဝင်နဲ့
ပတ်ဝန်းကျင်က...မြင်ရင်မကောင်းဘူး''''ရှင်.ဟုတ်ကဲ့ရှင့်..
ဒါဆိုအနော်ကို..ခွင့်ပြုပါအုံး''အနော်..ခေါင်းသာအသွင်သွင်ငြိမ့်ကာ
နာခံပြီး..အခန်းထဲမှ..ခပ်သုပ်သုပ်သာ
ထွက်လာခဲ့မိသည်..
စိတ်ထဲတွင်လည်း..အကိုကိုအားနာရသလို
ကြောက်လည်းကြောက်မိသည်..
အနော်ကို.အထင်းသေး၍ ပြောချင်းလား
မသိပေမယ့်. အနော်..ဝမ်းနည်းရပါသည်လေ