ကျောင်းကနေ..မေမေအိမ်ဆီသာ
တန်းမောင်းခဲ့လိုက်၏
တစ်လမ်းလုံး..စိုးရိမ်နေတဲ့..မျက်နှာလေး
ဖြင့်သူမအား....သူ.သက်ပြင်းချကာ
ကြည့်၍.သူမခေါင်းလေးကိုခပ်ဖွဖွ
ပုတ်ကာ.သူ့ပခုံးမှာ..မှီစေလိုက်သည်.
သူမက..သူ့ကိုခပ်ရဲ့ရဲ့လေးကြည့်ကာ
လက်ဖျားလေးတွေကလည်း.အေးစက်နေ၏သူ.ကားကိုအရှိုန်လျော့ကာ.မောင်း၍.
သူမနှာဖူးလေးကို.အသာအယာ..
နမ်းလိုက်ပြန်သည်..''ကိုကို.......အနော်.အနော်ကြောက်တယ်
အနော်တို့ကို.မေမေမျိုးက''''ရုံလေး''
သူ.ကားစီယာတိုင်ကို..သတိထားကာ
ကိုင်၍..သူမလေးကိုလည်း..
လမ်းတစ်လျောက်.နှက်သိမ့်ခဲ့ရပါ၏
တကယ်တော့..သူလည်းမေမေကို.အနည်းငယ်တော့
ကြောက်၏..
အရင်ကတည်းက..သူဟာ.သူမကိုအဆင့်မကျော်ဖို့
မေမေကိုယ်တိုင်က...သတိပေးထားသည်..
မဟုတ်လား.....
မေမေရဲ့စိတ်သဘောထားကို.သူ.ခန့်မှန်း
မကြည့်နိုင်ပေမယ့်...သူမကိုတော့.သူ
လုံးဝ..စွန့်ပစ်နိူင်မည်..မဟူတ်ပါ..
သူ..သူမကို.သိပ်ချစ်သည်..
သူမလေးသာ.သူ့ရဲ့ဇနီးနေရာ..မှာတစ်သက်လုံး
နေသွားရမှာပါ.တစ်လမ်းလုံး.သက်ပြင်းကိုယ်စီဖြင့်
မောင်းနှင်လာပြီး...မေမေအိမ်ခြံဝန်းရှေ့
ထိုးရပ်ကာ...ဟွန်းကို.နှစ်ချက်ဆင့်
တီးလိုက်တော့..ခြံစောင့်က..တံခါး
လာဖွင့်ပေး၏..
သူ...ခြံတံခါးကနေ...ပေါ်တီအောက်ထိ
တိုင်အောင်...မောင်းနှင်လိုက်ပါ၏ကားစက်ကို.ရပ်၍.သူမလေးကို
ကားတံခါးဖွင့်ပေးကာ...လက်ကလေးကို
ကိုင်၍..ဆင်းစေလိုက်၏
ထိုအချိန်ဆို..မေမေက.အိမ်အကူနဲ့.အတူ
သူတို့နား.လျောက်လာ၏''သား....''
''သမီလေး..ရောက်လာပြီလား...''
''မေမေ့မှာဖြင့်..လွမ်းလိုက်ရတာကွယ်''''မေမေမျိုး''
မေမေက.အိမ်ထဲမှ.ထွက်ထွက်ချင်း
သူ့ကို.တစ်ခွန်းသာ..ခေါ်၍..
သူမလေးကို...အငိုအယိုဖြင့်ပွေ့ဖက်တော့၏
မေမေပုံစံက..ဟန်ဆောင်နေတာမျိုးမဟုတ်ပဲ
တကယ်လွမ်းနေသူနှယ်ပါ..
သူမလေးကလည်း.မေမေနဲ့အပြိုင်..မျက်ရည်တွေ
ကျနေသည်..
ဒါတောင်...မေမေက..သူမလေးကိုချစ်ရက်နဲ့
ချွေးမအဖြစ်...မတော်နိုင်ရတာလဲ.