part-34

8.5K 135 2
                                    


သူမနဲ့တစ်ရွာလုံးပတ်ပြီး..
အိမ်ဝန်းသေးသေးလေးထဲ.ဝင်ခဲ့၏
ရွာက.လူတွေကလည်း.ဖော်ရွေကြ
သလို.ယာလုပ်ငန်းသာ.လုပ်ကြ၍
ပင်ပန်းလှ၏

တန်ခိုး.သူမလေးကိုငေးကြည့်၍
ဂရုဏာလည်း.တက်ရသည်
သူမလေး.အရွယ်ရောက်ကတည်းက
ဖေဖေ့လုပ်ငန်းကို.ကူရသည်တဲ့
ဘယ်လောက်များ.ပင်ပန်းလေမလဲ..
သူကတော့.သူမလေးကို..ဘာတစ်ခုမှ
မပင်ပန်းစေချင်ပါ..
သူကသာ.သေမတတ်ပင်ပန်းပန်း
ကိုယ်ချစ်တဲ့.မိန်းမကိုတော့..လက်မွေး
မီးမလောင်.ခြေမွေးမီးမလောင်
ထားချင်သည်..

''အော်....တူမလေးတို့တောင်
ပြန်လာကြပြီလား
အကိုကတော့..အိပ်ပျော်နေပြီ..
ခုဏက..သူ့ယာခင်းတွေ.ရေလိုလိုတဲ့
ရွာက.ထွန်းမောင်က.လာပြောတာ
အဲ့တာ...လုံးဝ.စိတ်မချဖြစ်နေတာ''

''ရှင်.ဟုတ်လားဟင်.ဒေါ်ဒေါ်''

''ဟုတ်တယ်.တူမလေးရယ်.
ဒီနှစ်က.မိုးမများတော့..စက်မောင်းပြီး
ရေသွင်းရမှာ.အဲ့တာ.အကိုက
မနက်ဖြန်.ယာခင်းထဲ.ဆင်းမှာတဲ့''

''ရှင်.ဘယ်ဖြစ်မလဲ.ဒေါ်ဒေါ်ရယ်
ဖေဖေကမှ.နေမကောင်းသေးတာ''

အဒေါ်ဖြစ်သူစကားကြောင့်
သူမလေးက.သက်ပြင်းချကာ
ကွပ်ပြစ်လေးပေါ်..ဝင်ထိုင်၏
သူလည်း.သူမလေးဘေးမှာ.ထိုင်လိုက်ကာ
မျက်နှာမကောင်းဖြစ်နေသော
သူမလေးလက်ကို.ခပ်တင်းတင်း
ဆုပ်ထားလိုက်၏

''လူငှားပြီး.ခိုင်းလို့မရဘူးလား.ရုံလေး..
ဘယ်လောက်ပဲ.ကုန်ကုန်''

''ဟင့်အင်း.ကိုကို..
လူငှားလို့တော့.ရတယ်..လယ်ရှင်
တစ်ယောက်လိုက်မှ..မဟုတ်ရင်.
အလုပ်က.မတွင်ကျယ်ဘူး''

''ဘယ်လို..ဒါဆို.ကိုကို
လိုက်သွားမယ်လေ.....ဒီလိုဆို
ဖြစ်တယ်မဟူတ်လား''

''ရှင်''

အနော်.မျက်လုံးလေး.ဝိူင်း၍
ကိုကိုထံမော့ကြည့်ကာ.ခေါင်းလေး
ခါရမ်းလိုက်သည်
ဘယ်လိုလို့.ဖြစ်လေမှာလည်း
နေပူထဲတောင်.ကိုကို
က.သိပ်ထွက်ဖူးတာ.မှမဟုတ်တာ

''ဖြေအုံးလေ.အနော်
ကိုကို..လိုက်လို့မရဘူးလား''

''ဟင့်အင်း.မရဘူးကိုကိုရဲ့
ယာခင်းအလုပ်က.အရမ်းပင်ပန်းတယ်.
ကိုကိုက..နေပူတာတောင်.မခံနိုင်တာ''

🥀ခင်ပွန်းကောင်း🥀Where stories live. Discover now