part-8

8.1K 160 0
                                    


''ဘာလို..ဖုန်းမျိုးလိုချင်လဲ နော်ပိုးရုံ
မင်း.ဘယ်လိုဟာမျိုး.ကြိုက်လဲ''

''ဟင့်အင်း..အကို..အနော်မသိပါဘူး.
ပြီးတော့.အနော်.ဖုန်းကိုလည်းမလိုချင်ဘူး
ဒါပေမယ့်.မေမေမျိုး.ကို.အနော်ငြင်းလို့.မရဘူး''

တန်ခိုးကားမောင်းနေရင်း.သူမဘက်.တစ်ချက်
လှည့်ကြည်လိုက်ပါသည်..
ပေါင်လေးပေါ်.လက်တင်၍..မျက်လုံးလေး
ပင့်ကာ.ပြောပြနေပုံက..ကြောက်ရွံမှုအထင်းသား.
သူမ..ကိုမေမေကို.အလွန်ချစ်ပုံရသည်..
သူမကိူယ်ပေါ် အစစအရာရာ.မေမေကပဲ.လိုလေသေးမရှိအောင်.ပြင်ဆင်ပေးသည်.သူမကတော့..အားနားစိတ်လေး
ကြောင့် တစ်ခါတစ်ခါ.မျက်နှာလေးပါ.ငယ်ကျသွားသည်ကိုသူရိပ်မိပါသည်

''မေမေက..မင်းကိုချစ်လို့ပါ.နော်ပိုးရုံ..
တက္ကသိုလ်စတက်မယ့်သူက.ဖုန်းတစ်လုံးတော့
ကောင်းကောင်း.ကိုင်သင့်ပါတယ်.
မင်း.မနက်​ဖြန်ဆို.သိလာမှာပါ''


''ဟုတ်ကဲ့.ရှင့်''


အနော်.ခေါင်းလေးသာ.ငြိမ့်လိုက်ပြီး
ကားပေါ်.ငြိမ်ငြိမ်လေးသာ.လိုက်ပါလာခဲ့သည်
အကိုကတော့.အနော်ကို.အမြင်မကြည်တာမျိုး
မရှိသေးပါ
အနော်စိုးရိမ်တာက....အနော်ဟာ.မေမေမျိုးဆီမှာ.
ပစ္စည်းတွရဖို့.ကပ်ချွဲထားသည်ဟု.ထင်သွားမှာကိုပင်

အနော်လေအမှန်အတိုင်းပြောရရင်ဘယ်သူ့ဆီကမှ
အကူအညီမလိုချင်ပါဘူး.
တစ်နေ့နေ့တစ်ချိန်ချိန်...အဲ့ဒီကျေးဇူးတွေကိူ
အနော်ဆပ်ရမှာပါလေ


''ရောက်တော့မယ်...ငါလည်းဗိုက်ဆာနေပြီ
နော်ပိုးရုံခဏနေရင်..ဂျူတီက.ဆက်ပြီး
ဝင်ရမှာ''


''ရှင်.ဒါဆို.အကို.ထမင်းအရင်စားပါလားဟင်..
အနော်ကြောင့် အကို''

''ရတယ်..ရောက်နေပြီပဲ.
ခဏနေမှ ဆိုင်တစ်ဆိူင်ဝင်ပြီး.စားလိုက်မယ်
မင်းရောဆာပြီမဟုတ်လား''

'အနော်.က.ရပါတယ်ရှင့်''

တန်ခိုးမျက်ခူံးလှုပ်၍.သူမပုံစံလေးက
သူ့အတွက်အထူးအဆန်းဖြစ်နေပါ၏
ဖုန်းဆိူင်ရဲ့.ရှေ့မှာ.ကားကိုရပ်၍....
ကားပေါ်မှ.ဆင်းကာ.သူမကိူကားတံခါး
ဖွင့်ပေးရသည်
နေလယ်ပိုင်းမို့..လူက.များနေသည်ကြောင့်
သူမလက်ကို...ခပ်တင်းတင်းဆုပ်ကိူင်ထားလိုက်ရ၏
သူမက.သူ့ကိုမဝင့်မရဲလေး.မော့ကြည့်ပေမယ့်
သူဂရုမစိုက်နိုင်တော့
မဟုတ်ရင် အူလည်လည်နဲ့.သူမပြောက်သွားပါက
မေမေနားဆူမှာ.သူ...မလိုလားလို့ပါ

🌷 ချစ်လူကြမ်း 🌷Where stories live. Discover now