part-25

6.9K 163 3
                                    


ကျောင်းဆောင်ရှေ့..ကားထိုးရပ်လိုက်သည်နှင့်
တန်ခိုး..လက်ပတ်နာရီကို..တစ်ချက်ကြည့်လိုက်၏
အချိန်ကမနှောင်းသေးသလို...ရင်ထဲ..ခံစားနေရသည်က
ပလောင်ဆူနေလှ၏..
မနေ့က...မေမေသဘောထားအရ..နော်ပိုးရုံကို
ဟိုကောင်လေးလက်ထဲ..ထည့်ပေးလိုက်တော့မည့်
ပုံပါ..
ဒါကို..သူ့နှလုံးသားတစ်ခုလုံး...လက်မခံနိူင်သလို
ဦးနှောက်နဲ့..ဆုံးဖြတ်ပြန်သော်လည်းမရ..

ပိုင်ဆိုင်ချင်သည်...
​ဒါက..သူမလေးနဲ့အနေနီးလို့လည်းမဟုတ်
သူ့ရင်တွင်းဖြစ်တည်လာတဲ့..ခံစားချက်ကြီးမို့ပါ..

သူမျက်မောင်ကုပ်၍..သူမဘက်လှည့်ကြည့်တော့
ဘေးလွယ်အိတ်ကို..ကောက်လွယ်နေတဲ့
သူမကို..မြင်တွေ့ရသည်..
သူခါတိုင်းမြင်တွေ့နေရသလို..အေးချမ်းသည့်
မျက်နှာလေးပါ..
အပူအပင်.ကင်းမဲ့နေသလို..အပြုံးအရယ်..မရှိခဲ့
ဒီလိုအချိန်ကောင်းလေးမှာ..သူမကို..ချစ်စကားတွေ
ဖွင့်ဟချင်သည်..

သို့ပေ့မယ့်..တားဆီးထားတဲ့မေမေ့စကားတွေကို
သူပြန်ကြားယောင်လာသည်..
သူမကို.သူ့၏ညီမလေးလိုပဲ.သဘောထားရမည်တဲ့
ဒါက..ဘာသဘောလဲ.မေမေ..
သူ့မှာရော..ရယူပိုင်ခွင့်...မြတ်နိုးပိုင်ခွင့်..ရှိမနေဘူးလား..
ဒါက..တရားရဲ့လား..


''အကို....အနော်..အတန်းဝင်တော့မယ်''

''နော်ပိုးရုံ''

အတွေးတွေကြားထဲ...မျက်ဝန်းလေးမော့ကာ
တောင်းဆိုလာသော.သူမလေးကို.သူလေသံ
တိုးတိုးလေးဆို၍..သူမမျက်နှာကို.ငေးမော
ကြည့်လိုက်ပါ၏..
ဒီမျက်နှာလေးက..သူ့အတွက်.မြတ်နိုးပြီး
ချစ်မဝတဲ့..မျက်နှာအေးလေးပါ..
သူစိတ်တွေ..လှုပ်ရှားနေသည်..
ချစ်စကား..ဖွင့်ပြောလိုက်သင့်လား..
ဒါမှ..မဟုတ်..မျိုသိပ်လိုက်သင့်လား..
သူ...မသိတော့ဘူး..
သူ..ဟာ.သူမကိုချစ်နေတာပဲ..သိတော့တယ်...

အတွေးတွေကြားထဲ..ပလောင်ဆူကာ
သက်ပြင်းလေးလေးချမိပါ၏..
သူသာ.သူမကိုဖွင့်ပြောလိုက်ရင်...သူမလေးဘက်က
သူ့ကို.အမြင်မကြည်..ဖြစ်သွားမှာ.စိုးရိမ်သည်..
ဒီလိုနေရာ.ဒီလိုအချိန်ကြီးမှာ...ပွင့်ပြောလိုက်ဖို့
မသင့်တော်လှပါ..
ခံစားရတဲ့.ခံစားချက်တွေကြား..သက်ပြင်းပြန်ချ၍
သူမကို.ခေါင်းသာ.ငြိမ့်ပြမိ၏
သူမလေးက..သူ့ခွင့်ပြုချက်ရတာနဲ့..
သွားထစ်လေးပေါ်အောင်ပြုံးကာ.ကားတံခါးကို
ဖွင့်၍..ဆင်းသွားလေပြီ..

🌷 ချစ်လူကြမ်း 🌷Where stories live. Discover now