part-29

16.9K 248 10
                                    


''သားက...ဒီနေ့လည်း.ဆေးရုံ
မလာဘူးပေါ့.ဟုတ်လားကွယ်''

''ဟုတ်ပါတယ်.အန်တီ
​ဒေါက်တာပြည့်စုံက..ဆေးရုံမလာတာ
တစ်ပတ်ကျော်နေပါပြီ..ဆေးရုံအုပ်ကြီးကိုတော့
ခွင့်တိုင်ထားပုံရတယ်..''

''ဟုတ်လားကွယ်''

ဒေါ်မျိုးပုလဲ.တစ်ဖက်က.စကားသံ
အဆုံး.သက်ပြင်းကြိတ်ချလိုက်၏
သူမထင်သလို..ဖြစ်ကို.ဖြစ်နေပါပြီလား..
သား.ဘာတွေများလျောက်လုပ်နေတာလဲ

''အန်တီဗျ....ဒေါက်တာပြည့်စုံက
အိမ်မှာလည်း.မရှိဘူးဆိုတော့
ကောင်မလေးတွေကို...ဘာတွေခိုးပြေးသွားတာ
မဖြစ်နိုင်ဘူးလား..တစ်ခါတစ်လေ
ဂျူတီနားချိန်ဆို..ဒေါက်တာပြည့်စံက...ဖုန်းထဲက
ကောင်မလေး.တစ်ယောက်ရဲ့.ဓာတ်ပုံကိူ
ပြုံးပြုံးကြည့်နေတာ...''

''ဘယ်လို.ဘယ်လိုပုံများလဲ.ကွယ်''

''ဆေးကျောင်းသူလေးထင်တယ်
ဆံပင်ရှည်ရှည်လေးနဲ့..မျက်နှာက
အရမ်းလည်း.မဝိုင်းဘူး...
မျက်လုံးတော့.တော်တော်လှတယ်..
ကျတော်လည်း.ဒါပဲ.ခန့်မှန်းမိတာပါ..
နောက်ထပ်.ဒေါက်တာမှာ.ချစ်သူရည်းစား
ဘယ်သူဘယ်ဝါ.ဆိုတာ..မသိပါဘူး''

''ကျေး.ကျေးဇူးပါကွယ်..
ခုလ်ု.ဖြေပေးလို့..သားကိုကျေးဇူးတင်ပါတယ်''

''ရပါတယ်ဗျ..ဒါဆို..အန်တီ
ကျတော်ကိုဖုန်းချခွင့်..ပြုပါအုံးဗျ
ကျတော်ဘက်က...သတင်းထူးရင်
ဆက်သွယ်ပေးပါ့မယ်''


''..ကျေး...ကျေးဇူးပါ.သားရယ်'''

ဒေါ်မျိုးပုလဲ.တစ်ဖက်က.ဖုန်းချသွားသည်အထိ
ငြိမ်သက်မိနေရင်း..ခေါင်းခါရမ်းမိတော့သည်
သားဟာ.သမီးလေးကို.ခိုးပြေးသွားလေပြီ.

အရင်က.အရမ်းလိမ်မာတဲ့သားက
ဘာဖြစ်လို့.သူမကို.အသိမပေးပဲ
ခုလို.လုပ်သွားရတာလဲ
သမီးလေးကရော.သားနဲ့နေရတာ
အဆင်ပြေပါ့မလား

ပြီးတော့.သူမ.သမီးလေးရဲ့
ဖေဖေ.သူမချစ်ရသော.မောင့်ကို
ဘယ်လိုများ..ဘယ်လိုမျက်နှာနဲ့
ပြောပြရမလဲ..

မောင့်အမုန်းတွေက..သူမနဲ့သား
မပေါ်.တစ်ဆင့်ပြီးတစ်ဆင့်တိုးပွားလာမှာပါ

🌷သူချစ်ရပါသောဇနီး🌷Where stories live. Discover now