''အန်တီ....မဂ်လာပါ''
''မဂ်လာပါကွယ်...ဒီနေ့.ရောင်းကောင်းကြရဲ့လား''
''လက်မလည်အောင်ပဲ..အန်တီ..
ခိုင်ဆို....ကောင်မလေးတွေနဲ့.ဟိုပြေး
ဒီပြေးရနဲ့''''အဟွန့်''
ဒေါ်မျိုးပုလဲ.မန်နေဂျာရဲ့.အဖြေကြောင့်
ကျေနပ်ပြုံးပြုံးလိုက်၏.
ဆိုင်ထဲ.ဝင်လာကတည်းက..ကာစတန်မာတော်တော်
များများရှိနေသည်.
ဆိုင်ရှေ့နဲ့.ပါကင်တွေမှာလည်း.ကားဆယ်စီးမက..''အန်တီ.ဒါနဲ့.သူလေးက''
''အန်တီ.တူမလေးပါကွယ်..
ဒီမှာ.ဆေးကျောင်းတက်ဖို့.အန်တီခေါ်ထားတာ..ခိုင်ရေ..
အန်တီ.ရုံခန်းထဲ.သွားနားမယ်နော်.မနေ့က
အန်တီ.စီစဥ်ခိုင်းထာတဲ့...ရတနာလေးတွေ
ယူခဲ့ပေးပါအုံး''''ဟုတ်ကဲ့.ခိူင်ခုပဲ.ယူလာပေးပါ့မယ်
အန်တီ''''အေအေကွယ်''
''သမီးလေး..လာမေမေမျိုးတို့.ရုံးခန်းမှာ
သွားနားရအောင်.ဆိူင်က...လူတစ်အားရှုပ်တော့
သမီးလေး.မျက်လုံးနောက်နေလိမ့်မယ်''''ဟုတ်ကဲ့.ရပါတယ်ရှင့်''
အနော်..မျက်နှာပူပူဖြင့်သာ.ခေါင်းငြိမ့်လိုက်မိသည်
မေမေမျိုးရဲ့..လက်ဝတ်ရတနာဆိုင်ကြီးက..
မေမေမျိုးနေတဲ့.အိမ်ထက်ပင်ကြီးလွန်းသည်
လက်ဝတ်ရတနာတွေ.ထည့်ထားသော..ဖန်ဗီရိုများဟာလည်း.မရေမတွင်နိုင်အောင်ပင်..
နာမည်ရပြီးသား.ဆိူင်ကြီးမို့.ထင်သည်..
စျေးဝယ်တဲ့.လူများဟာလည်း.တော်တော်ရှုပ်နေပါသည်အနော်..ဒေါက်မြင့်လေးစီးထားရ၍.ချော်မလဲ
စေရန်.သေချာထိန်းရင်း.မေမေမျိုးရဲ့
လက်မောင်းကိုတွယ်ချိတ်လျက်..ရုံးခန်းဆီသို့
လိုက်လာခဲ့ရသည်မနေ့က.မေမေမျိုး..ဝယ်ပေးထားတဲ့.ဂါဝန်တွေ
ထဲက..အဝါဖျော့ဖျော့မှာ...ပန်းပွင့်လေးတွေပါသော
ဂါဝန်ကိုဝတ်ဆင်ခဲ့သည်.
ဆံပင်ကို.ဆံမြတ်လေးချ၍..ရှေ့တစ်ဖက်တစ်ချက်
ဆီမှာကျစ်ဆံမြီးလေး.ကျစ်ကာ..ချထားသည်မို့.
အနော်.မျက်နှာလေး.တစ်မူထူးခြားနေပါသည်
မေမေမျိုးက.အနော်ကို.အရုပ်မလေးနဲ့.တူသည်ဟု
ချီးကျူးပါသေးသည်