ညက..အိပ်တာနောက်ကျသွားပေမယ့်
မနက်ကိုတော့..ခါတိုင်းထက်.စောစောထမိနေသည်..
ဒီနေ့လည်း..သူမလေးတို့.အတန်းကို..ဝင်ရအုံးမည်
ဖြစ်၍..စိတ်ထဲတွင်တော့.ကျေကျေနပ်နပ်ကြီးပါ..ရေချိုးပြီးတော့..polo shirtအဖြူလေးနဲ့.အနက်ရောင်
စတိုင်ပင်ကို..ရွေးဝတ်လိုက်ပါသည်..
ခါးပတ်ကိုတော့...ပရန်းတက်ထဲက.တစ်ခု
ကိုရွေး၍.ပတ်လိုက်သည်..
မျက်နှာကို.အနည်းငယ်ခန့်စကင်ကဲ ပြီး....
ဆံပင်ကို...အနောက်သို့လှန်ကာ.ဖီးထားလိုက်သည်..
ခုတလော..အလုပ်မများပေမယ့်..မျက်နှာကို
ပင်သိပ်.မပြင်ဖြစ်..
နှုတ်ခမ်းမွေးတွေပင်.တော်တော်များနေရော့ပါလား
ဆိုင်တွေမှာ...သိပ်မသွားချင်တာမို့...သူဒီတိုင်းသား
ထားခဲ့သည်..
အရမ်းကြီးလည်း.ကြည့်လို့မကောင်းဖြစ်နေတာမှ
မဟုတ်တာ.ခပ်ရေးရေးပေါက်နေသော.နှုတ်ခမ်းမွေးကို
ကိုင်၍..သူအလိုလိုပြုံးမိသွားပါ၏
အလုပ်နားရက်ရောက်ရင်...သူမကို.နှိက်စက်အုံးမှ..
သူနှုတ်ခမ်းမွေးတွေကို.ရိပ်ပေးဖို့
သူမလေးကိုခိုင်းရမည်အတွေးနဲ့တင်...သူ့စိတ်ထဲကျေနက်လာရသည်
လက်ပတ်နာရီကို.ကောက်ပတ်၍..ကျောင်းချိန်နီးနေပြီမို့..
ဖုန်းနဲ့.လိုအပ်တာတွေယူ၍.အောက်ထက်သို့
ဆင်းလာခဲ့ပါသည်-
-
-''သမီးလေး.ဆံပင်က.တော်တော်ရှည်နေပြီပဲ
ဒီတစ်ပတ်ကျောင်းပိတ်ရင်..မေမေမျိုး
သမီးလေးကို.ဆံပင်ချိန်းပေးမယ်..
အဖျားလေး.အနည်းငယ်လောက်ကောက်ပြီး
အရောင်နည်းနည်းတင်မယ်.ဒီလိုဆို.ကိုးရီးယားမလေးလို..ဖြစ်သွားမှာ''''ကျစ်...မေမေကလည်း..
ဘာတွေလျောက်.လုပ်မှာလဲ..ဒီတိုင်းလည်း
ကြည့်ကောင်းနေပြီကို''''ဟယ်.သားတောင်နိုးလာပြီလား''
မေမေပြောနေတဲ့.စကားကိုကြားတော့
သူဆိုဖာမှာ.ဝင်ထိုင်ရင်း.သူ့စကားကို
ဝင်ထောက်လိုက်ပါ၏..
မေမေက.သူမလေးကို ဆံပင်စည်းပေးနေရင်း
သူ့ဘက်လှည့်ကြည့်လာသည်
သူမလေးကလည်း သူ့ကိုမြင်သည်နဲ့
ကိုယ်လေးကျုံ့သွားကာ...ကြားထဲက
အားနာနေသည့်ဟန်
သူ အထင်မှားမည်စိုး၍.သက်ပြင်းချကာ