ဒီနေ့...အနော်.စားမေးပွဲ.နောက်ဆုံး
ရက်သို့.ရောက်ရှိခဲ့သည်.
ကိုကိုက...စိတ်မချ၍..ဆေးခန်းကို..
ငှားထားသော..Nurseနဲ့.ထားခဲ့ပြီး..
အနော်ကို.အကြိုအပို့လုပ်ပေး၏..
အနော်နဲ့.အကို...ဒီကို.ရောက်ပြီး.နှစ်ဦး
သဘောတူ..လက်ထပ်လိုက်တာကလည်း..
တစ်လပင်.ပြည့်တော့မည်.ဒီနေ့တော့..နောက်ဆုံးရက်မို့..
မနက်ပိုင်းစောစောထ၍..စာနွေးကာ
ကျောင်းသွားဖို့.ပြင်ရ၏..
ကိုကိုလည်း...အနော်နဲ့.အတူ..နိုးပြီး..
မီးဖိုချောင်.ဝင်နေပါသည်..
အနော်ကလည်း.ဒီရက်ပိုင်း.စာနဲ့.ဖိနေတာမို့
ကိုကိုက...လွယ်ကူတဲ့.အစားအသောက်ကို
မရမက...စီစဥ်ပေး၏..
တစ်ခါတစ်လေ..စားမကောင်းဖြစ်သွားပေမယ့်
အနော်..အပြစ်မတင်ရက်ပါ.
သဌေးသားဆရာဝန်..တစ်ယောက်မို့...
မီဖိုချောင်.မဝင်ဖူးမှန်း.သိသာ၏
အနော်နဲ့...လက်ထပ်ပြီးမှသာ..အကိုက
တားရက်နဲ့..ဟင်းတွေကို..ဇွတ်ချက်ပေး၏
ခုတော့..အကိုလက်ရာက..တော်တော်
ကောင်းမွန်နေပါပြီမှန်တင်ခုံရှေ့..ဆံပင်လေးဖီး၍
အကိုဝယ်ပေးသော...အပြာနုရောင်.ရင်ဖုံး
ချိတ်ဝမ်းဆက်လေးကို.ဝတ်လိုက်၏..
မိတ်ကပ်ပါးလေးလိမ်း၍.နှုတ်ခမ်းကို
အရောင်တင်ကာ..ဆံပင်ကို.ဖဲ.ပြားဖြင့်
စီးကာ.အနောက်မှာ.ချထားလိုက်သည်.
အိမ်ထောင်သည်.ဖြစ်လာပြီမို့...
အလှပြင်တဲ့နေရာမှာ.အနည်းငယ်တော့.သွပ်လက်ရပါသည်..သို့ပေမယ့်.အလှမပြင်ပဲတော့.အနော်မနေပါ''အဟွန့်...ကိုယ့်မိန်းမက.ပြင်လို့ပြီးနေပြီလားဗျ
ဒီမှာ...မိန်းမအတွက်...ကော်ဖီနဲ့မုန့်.ပြင်လာတယ်''''ကိုကိုနော်..ဘယ်လိုခေါ်နေတာလဲ..''
သူက..ကော်ဖီလင်ဗန်းကို.ကိုင်ကာ
အခန်းထဲ..ဝင်လာတော့.သူမလေးက
မျက်စောင်းလေး..ချက်ချင်းရွယ်တော့၏
သူ...စားပွဲပေါ်..လင်ဗန်းကို..ချ၍.
သူမဂုတ်ပိုးလေးပေါ်.မေးတင်လိုက်သည်''ကိုယ်က..ချစ်လို့ခေါ်တာပါဗျာ..
ဒီနေ့..နောက်ဆုံးရက်နော်
ညနေ..ဘယ်ကိုသွားချင်လဲ...''''ဟင့်အင်း..ရပါတယ်.ကိုကိုရဲ့..
အနော်က.မေမေမျိုးနဲ့ကျောင်မှာဆုံမှာ
ကြောက်နေတာ..အနော်.မေမေမျိုးကို
ဘယ်လို...မျက်နှာပြရမလဲ..မသိဘူး''
