''မေမေမျိုး.သမီးလေးကဒီလိုကျတော့လည်း
ကိုးရီးယားမင်းသမီးလေး.ကျနေတာပဲ..
မနက်ဖြန်.ပွဲရောက်ရင်..သမီးလေးက
အလှဆုံးဖြစ်နေမှာ''အိမ်ရောက်ရောက်ချင်း.မေမေက
သူမပုံစံကို.မြင်၍..တစ်ပြုံးပြုံးနဲ့
ဆိုလေသည်..
ပွဲအတွက်လည်း..အလွန်အားထည့်ထားပုံရကာ..
သူဘာပွဲမှန်း..မသိပေမယ့်.အနည်းငယ်တော့
ရင်ထဲ..မသက်မသာဖြစ်မိ၏..''သား..သားရော.မနက်ဖြန်..ပွဲတက်ရမှာနော်
မေမေ့မိတ်ဆွေက..တစ်အိမ်လုံးကို..ဖိတ်ထားတာ...''
''ကယ်လာ...အိမ်ထဲ..ဝင်ရအောင်
မေမေ..သားတို့အမောဖြေ..အအေးဖျော်ထားတယ်''မေမေက..သူ့ကိုပြော၍သူမလေးရဲ့
လက်ကို.ဆွဲကာ..အိမ်ထဲဝင်သွား၏..
ဧည့်ခန်းထဲ.ရောက်တော့မေမေနဲ့..သူမက
ဘေးချင်းကပ်ရက်..ထိုင်ကာ..သူက
မေမေနဲ့မျက်နှာချင်းဆိုင်မှာ..ထိုင်လိုက်သည်..မေမေက..သူ့နဲ့သူမကိုအအေး
တစ်ခွက်ဆီ..ကမ်းပေး၍...ခုံတွင်တင်ထားသော
အထုတ်ကို.ဖွင့်ကာ...အဖြူရောင်လွလွ
ဂါဝန်ရှည်လေးကို..ထုတ်ပြသည်''ဒီမှာ..သမီးလေးဝတ်ဖို့..
ခုဏက..ဒီဇိုင်နာ..လာပို့သွားတာ..
ကြိုက်ရဲ့လား...သမီးလေး''''ရှင်''
မေမေမျိုးရဲ့.စကားအဆုံး.အနော်
မျက်ဝန်းလေးဝိုင်းကာ..အကိုဘက်..လှည့်မိသွားပါသည်
အကိုက..အနော်တို့ကို.ကြည့်၍.ရယ်လည်း
မရယ်.ပြုံးလည်းမပြုံးပါအနော်ပေါင်ပေါ်.ရောက်လာသော
ဂါဝန်လေးက..ပန်းအပွင့်အခက်တွေနဲ့
မထိရက်စရာ.သိပ်လှလွန်းသည်..
အသားလေးက.အေးကာ.အိစက်နေသည်မို့
တော်ရုံစျေးနဲ့..ရမည်မဟုတ်.
ဘာကြောင့်..အနော်ကို...ပွဲမှာ.ဒီလိုဂါဝန်မျိုး
ဝတ်ခိုင်းရတာလဲ..အနော်မသိပါ..
တကယ်ဆို.အနော်ဟာ..မေမေမျိုးတို့ရဲ့.မိတ်ဆွေ
ပွဲနဲ့.လားလားမှမစပ်တဲ့သူ''သား...လှရဲ့လားကွယ်
မေမေကတော့..သမီးလေးအကြိုက်..မသိတော့
ဒီဇိုင်နာကိုပဲ.ပုံအပ်လိုက်တာ
သားသဘောကရော''''အဆင်ပြေပါတာ်.မေမေ..
ဒါနဲ့.ပွဲက..ဘာပွဲမို့.ဒီလောက်..အရေးတယူ
လုပ်နေရှိလဲ.မေမေ''