part-35

13.9K 223 4
                                    


''ကိုကို..အလုပ်ကို.အရမ်းဖိမလုပ်ပါနဲ့
တကယ်ဆို.ကိုကိုက.အကြမ်းသိပ်ခံ
နိုင်တာ.မဟုတ်ဘူး''

သူမလေးက.သူ့ဝတ်ဖို့..အဝတ်ဟောင်းကို
ထုတ်ပေးရင်း.ဆိုလေသည်.
သူ..အနည်းငယ်.ဟောင်းနေတဲ့.ကရင်အကျီ
အပြာနုကိူ..ဝတ်လိုက်ပြီး...ကရင်ပုဆိုးအဟောင်းကိုလည်း
ခပ်တိုတို.ဝတ်လိုက်၏..

''ကိုယ်က.ယောကျာ်းပါကွာ.
မင်းသာ.အိမ်မှာ.အေးအေးဆေးဆေး
နေခဲ့.ယာတောထဲလည်း..မလိုက်ခဲ့နဲ့နော်.ကိုယ်
အဆင်ပြေပါတယ်'

''ဖြစ်ပါ့မလား...အနော်...နေ့လည်ကျ
ကိုကို.ကြိုက်တဲ့ဟင်း...ချက်ပြီး
လူပို့ပါ့မယ်''

''ရပါတယ်ကွာ..​ကိုကို.
က.အဆာခံနိုင်ပါတယ်..ပင်ပန်းတယ်
လာမပို့နဲ့.မိန်းမ..
ခုတော့.ကိုကို.သွားတော့မယ်
အိမ်ရှေ့မှာ..အလုပ်သမားတွေ
စောင့်နေပြီ''

''ဟုတ်ကဲ့''

ကိုကိုက..အနော်ခေါင်းလေးကို
ပုတ်၍...အိမ်ရှေ့သို့.ထွက်သွား၏..
ကိုကိုရဲ့..ဟောင်းနွမ်းနေတဲ့.ပုံစံကို
အနောက်ကနေ.ကြည့်ရင်း.နွယ်ရိုး
မျက်နှာလေး..ပူသွားရသည်..
ကိုကိူလို.ဆရာဝန်.တစ်ယောက်က
ခုလို.ယာခင်းထဲ.လုပ်နိူင်ပါ့မလား

နွယ်ရိုး.ကိုကို.ကိုလည်း.အားနာသလို
မေမေမျိုးကိုလည်း
မျက်နှာပူသွားရသည်

-
-
-

''ရုံလေး...ရေ..ကိုကို
ပြန်လာပြီ''


''လာပြီ.ကိုကို''

အိမ်ရှေ့က..ခေါ်သံကြောင့်
အနော်.ဟင်းအိုးလေးကို.ပစ်ချကာ
အိမ်ရှေ့သို့.ထွက်လာမိသည်

ကိုကိုက.လှေကားထစ်နား
အနော်ကို.ပြုံးကာ.အော်ခေါ်နေ၏
ကိုကို.ပုံစံကို.မြင်တော့..အနော်. မျက်နှာလေး
ပျက်က..စိတ်ပူသွားရသည်

ကိုကို့မျက်နှာပေါ်မှာ.ချွေးစတွေနဲ့..
ပြီးတော့.မနက်က.ဝတ်ထားတဲ့
အဝတ်အစားတွေက.ရွံတွေပေနေသည်
ကိုကိုက.ဘားမှမဖြစ်သည်နှယ်
အနော်ကို.ပြုံးကြည့်၏

အနော်.မျက်ရည်တွေ.ဝဲကာ
ကိုကို.ကိုပွေ့ဖက်လိုက်မိသည်

''ကိုကို....ဟင့်...ကိုကို.ပင်ပန်းနေပြီလားဟင်'

🌷သူချစ်ရပါသောဇနီး🌷Where stories live. Discover now