part-21

6K 155 9
                                    


''မေမေခေါ်ခိုင်းလိုက်တာ.သေချာလား''

''ဟုတ်ကဲ့ရှင့်..ပြီးတော့.အနော်က.အကို
ဗိုက်ဆာနေမှာစိုးလို့ပါ''..

သူမက...ခေါင်းလေးငြိမ့်၍.မျက်လွှာလေး
ချကာဆိုလာ၏..
တန်ခိုး..သူမလက်လေးနှစ်ဖက်ကို..ဖမ်းဆုပ်၍
နှုတ်ခမ်းတွန့်ပြုံးကာ

''မင်းက.ကိုယ်ဗိုက်ဆာနေမှာစိုးတယ်ပေါ့''

''ရှင်..ဟို..အနော်က''

''တော်ပြီ....နော်ပိုးရုံ...
မင်းကနေရာတကာ..ရှက်နေတော့တာပဲ
ကိုယ်တို့သွားရအောင်..ပြီးရင်...ကိုယ့်ကို
သံပုရာရည်ဖျော်တိုက်အုံး''

''ဟုတ်..ဟုတ်ကဲ့ရှင့်''

အကိုက..အိပ်နေရာမှထ၍..
ညအိပ်ဝတ်စုံကို..ပြန်ပြင်ရင်းဆိုလေသည်
အနော်ခေါင်းလေးတစ်ငြိမ့်ငြိမ့်ဖြင့်.အကို.ကုတင်ပေါ်မှ
ထရပ်မိပြီး..အကိုနဲ့အတူ..အခန်းထဲမှ..ထွက်လာမိသည်..

အခန်းထဲ.အကိုနဲ့.စကားပြောတာ
နာရီဝတ်ခန့်မကပါ..
အနော်က.မိန်းကလေးမို့
မေမေမျိုး..အထင်သေးသွားမှာ..စိုးရိမ်သည်
သို့ပေမယ့်အကိုကတော့..ဘားမှမဖြစ်သည့်ဟန်
ပေါ့ပေါ့ပါးပါး.

ထမင်းစားခန်းထဲ.ရောက်တော့
မေမေမျိုးက.ဟင်းပွဲတွေ.ပြင်ပြီးနေကာ
အသီအချိုပွဲပါ..စီစဥ်နေသည်
အနော်.မေမေမျိုးနား..ခပ်ရို့ရို့လေးသွားကာ
အသီးပွဲတွေကို..ကူပြင်ပေးမိသည်

''အို့..သမီးလေးရယ်.
မေမေမျိုးက.ပြီးတော့မှာပဲ. အေးအေးဆေးဆေး
ထိုင်ပါကွယ်''

''ရပါတယ်.မေမေမျိုးရဲ့..
အနော်က..မိန်းကလေးမို့.အိမ်မှုကိစ္စ
လုပ်တတ်ချင်လို့ပါ''

''လိမ်မာလိုက်တာ...ကွယ်'

မေမေစကားကို...အနော်ပြန်ဖြေတော့
မေမေမျိုးက.ချီးကျူးသလို..ဆိုကာ
ပြုံးတော့၏
အနော်.မေမေမျိုးကို..သစ်သီးပွဲတွေ
အားလုံးကူပေး၍..မေမေမျိုးထိုင်ဖို့..ခုံလေးကို
အသင့်ပြင်ပေးလိုက်သည်

အကိုနဲ့မေမေမျိုးက..ထမင်းစားရန်
အသင့်ဖြစ်တော့မှ..ထမင်းအုပ်ထဲမှ..
ထမင်းကို..ခူး၍..ပြင်လိုက်သည်


🌷 ချစ်လူကြမ်း 🌷Where stories live. Discover now