''ဒီမှာ...မင်းကြိုက်တယ်မဟုတ်လား
နော်ပိုးရုံ...မျှစ်ကြော်ရော.ပြီးတော့..
ကြက်ချဥ်စပ်''''သားရယ်.သမီးလေး ဖြည်းဖြည်းသာသာထည့်ပါစေ
သားကလည်း.တစ်ကယ့်ဇွတ်ပဲ..
သမီးလေး.မျက်နှာညိုးနေပြီ''သူမပန်းကန်ထဲ..ဟင်းခပ်ထည့်ပေးတော့
မေမေက..ဘေးကနေ..သက်ပြင်းတစ်ချချ..ဆိုလာသည်
သူ့ဘေးမှာ..ထိုင်နေသော.သူမလေးကလည်း....
ခေါင်းလေးသာ.ငုံ့နေပြီး.ခုရင်းကို.ကိုင်ထားပေမယ့်
ခုထိ.ခပ်မစားသေးသူမနဲမေမေကို.ကြည့်၍.သူလည်း
စိတ်ရှုပ်ထွေးလာရသည်..
မေမေဟာ သူမအပေါ်.အလိုလိုက်သည်မို့.
နောက်ဆို.သူမဘက်က.ရောင့်တက်လာမှာ
စိုးရိမ်ရ၏''မေမေ..မဟုတ်တာတွေကို.ကြပ်ကြပ်သာ
အလိုလိုက်ပါ...နော်ပိုးရုံက.နေမကောင်း
ဖြစ်ထားတာ.မကြာသေးဘူး..
ဒီလိုသာ..အစားရွေးနေမယ်ဆို..ဒီထက်
ပိန်သွားယုံပဲ..ရှိနယ်''''သားရယ်...သမီးလေးက.ခေါက်ဆွဲ ပြုတ်ကို
ဒီနေ့မှ စားတာပါ..ထမင်းကြီးထဲ.နေ့တိုင်း
စားတော့.သူလေးလည်း.ငြီးငွေ့ရှာမှာပဲ''''မေမေ..ကျတော်စကားကိုအရမ်းဝင်မထောက်ပါနဲ့
မေမေသွားနား.ပါတော့ဗျ''''အေ့ပါသားရယ်.မင်းပဲ.မင်းညီမလေးကို
စိတ်ပူရန်ကော'''ဒေါ်မျိုးပုလဲ.သားဖြစ်သူ့ကို.တစ်ပြုံးပြုံး
ပြော၍.သူမလေးကို.ကြည့်ကာ..
ထမင်းစားခန်းထဲမှ.ထွက်လာခဲ့၏
သားလေးဟာ..အရင်လို.မဟုတ်ချေတော့..
မျက်နှာတင်းမာဟန်..ပြုပေမယ့်.သမီးလေးကိုတော့
အလွန်ဂရုစိူက်လာသည်..
သားလေးနဲ့.သမီးလေးဟာ.မောင်နှစ်မသံယောဇဥ်
ထက်...မပိုပါစေနဲ့ဟု.သာ.သူမဆုတောင်းရပါတော့မည်-
-
-''စားလေ.နော်ပိုးရုံ..''
''ဒီပန်းကန်တော့ ကုန်အောင်စားလိုက်..
နောက်ဆို..မင်းအားရှိမှဖြစ်မှာ''''ဟင့်အင်း.ဆရာအကို.. အနော်ဗိုက်သိပ်မဆာဘူး'
''ဘယ်လို..မင်းငါ့ကို.ဘယ်လိိုခေါ်လိုက်တယ်''
''ရှင်''
အနော်...စကားလေးလွတ်ခနဲ့ထွက်သွားတော့
အကိုက....မျက်ခုံးကြီးပင့်ကာ..နှုတ်ခမ်းတွန့်၍
အနော်ကို စိုက်ကြည့်လာသည်.
အကို.ပုံစံကာဒေါသမပါပေမယ့်.ထိုနာမည်ကို
ဘဝင်မကျပုံပါ သို့ပေမယ့်.အကိုလို့ခေါ်ရင်
မလေးစားရာ...ကျမည်မို့.မျက်လွှာလေးချ၍