အတန်းချိန်အကုန်ပြီးတော့.သစ်က..
သူ့အကိုနဲ့..မိတ်ဆက်ပေးမည်..ဆိုပြီး..
ကန်တင်းကို..အတင်းခေါ်သည်..
အနော်...ငြင်းသော်လည်း..တစ်ဇွတ်တတ်ဆန်တဲ့
သစ်က.အနော်ကို..အတင်းခေါ်ပါသည်...
သစ်ဟာ..အကိုဖြစ်သူ..ကိုအလွန်ချစ်ဟန်တူပြီး
ဝမ်းကွဲအကို..ပေမယ့်.အလွန်တွယ်တာ..ဟန်ပါ..
တစ်ဦးတည်းသော.သားသမီးတွေမို့.အနော်.နားလည်ပါသည်
အနော်ဟာလည်း.ငယ်ငယ်ကတည်းက.တစ်ယောက်ထဲပဲ
မဟုတ်လား''ဟိုဘက်ဝိုင်းမှာပဲ..အနော်..
ငါ့အကိုက.သဘောကောင်းပါတယ်..
လာစမ်းပါ''''အင်းပါ...''
အနော်.လက်ကို.မလွတ်တမ်းဆွဲကာ..
ကန်တင်းရဲ့.သီးသန့်စားပွဲ..ဝိုင်းကို
ဆွဲခေါ်တော့..အနော်.ယောင်နုနူလေးဖြင့်သာ
လိုက်လာရသည်
စားပွဲဝိုင်းရောက်တော့..ယောပုဆိုးကိုကျကျနန
ဝတ်ထားသော..လူငယ်တစ်ယောက်က..ထိုင်နေရာမှ
ထကာ..အနော်တို့ထိုင်ဖိူ့...ခုံကို.ပြင်ပေးသည်..
ဆေးကျောင်းသားပီပီ...စတပ်ကော်လံပါ.အကျီလေးနဲ့
ပုဆိုးကို..သေ.သပ်စွာဝတ်ဆင်ထားပြီး..
ဆံပင်ကိုလည်း..အကိုလိုပဲ.လူငယ်ဆန်ဆန်.ညပ်ထားသည်..
ထိုင်နေတဲ့..ခုံလက်တန်းမှာ..အဖြူရောင်ကုပ်ကို..
တင်ထားကာ..ကျောပိုးအိတ်အနက်လေးကိုလည်း
ပိုနေတဲ့ခုံမှာ..နေရာတကျတင်ထားလေသည်''ညီမလေး..သူလေးက..
ညီမလေးရဲ့..သူငယ်ချင်းလား''''ဟုတ်တယ်လေ..ကိုကို..
နာမည်က.နော်ပိုးရုံတဲ့...''''ပိုးရုံ..ဒါက.သစ်ရဲ့.အကိုဝမ်းကွဲ
ဝမ်းကွဲပေမယ့်.အရင်းလိုပါပဲ..
ကိုမိုးမခကျော်တဲ့...''''တွေ့ရတာ.ဝမ်းသာပါတယ်ဗျ..ညီမလေးနော်ပိုး''
''ရှင်..ဟုတ်ကဲ့ရှင့်''
သစ်က.ကြားကနေ.ဝင်ကာ.မိတ်ဆက်ပေးသည်မို့
သစ်ရဲ့.အကိုက.ဖော်ရွေစွာဖြင့်. အနော်ကို
လက်ကမ်းပေးလာသည်..
အနော်..ခေါင်းလေးငူံ့၍..ပြန်နှုတ်တက်လိုက်မိပြီး..
ဖော်ရွေးလွန်းတဲ့...အပြုအမူကြောင့်..ကြောက်စိတ်တွေ.ပြေလျော့သွားရသည်''ကိုယ့်ကိုလည်း.ညီမလေးလိုပဲ..ခင်လို့ရပါတယ်
နော်ပိုး..ကိုယ်က..မင်းတို့ရဲ့.စီနီယာပေမယ့်.
ရင်းရင်းနှီးနှီး.. နေတတ်သူပါ''