part-17

8.4K 185 8
                                    



''ဒါက..ဘာလဲ..နော်ပိုးရုံ''
''စာသင်ချိန်မှာ.....မင်းတစ်ယောက်ထဲ
ဂနာမငြိမ်ဖြစ်နေတာနော်''
''ပြစမ်း.မင်းလက်ထဲက.ဘာစာလဲ''


''ဟင့်အင်းဆရာ..အနော်မရည်ရွယ်ပါဘူး
ဒါက ဘယ်သူ့စာမှန်း..အနော်မသိပါဘူး''

''တောက်.ဒါဆိုပြလေကွ..
မင်းမဟုတ်တာလုပ်ထားလို့..ငါ့ကိုဆင်ခြေ
လာမပေးနဲ့''

''အင့်''

ကျောင်းခန်းထဲ.အော်ငေါက်ခံလိုက်ရဟည်မို့
အနော်မျက်ရည်တွေ စီးကျလာသည်
အကိုက အနော်လက်ထဲမှ..စာကိုဆွဲယူကြည့်သည်
ပန်းစီးလေးက..အကို့လက်ချက်ကြောင့်
ကြမ်းပြင်ပေါ်.အစိပ်စိပ်အမွှာမွှာ..ကျနေပါသည်..
တစ်ခန်းလုံးရဲ့ အကြည့်တွေမှာ..အနော်ဆီသာ
ရောက်ရှိနေပြီး..ကြည့်နေကြသော.မျက်လုံးတွေက
အနော်အတွက်..ရှက်ရွံရပါသည်


''အဟက်...ရည်စားစာပဲ..''
''ဘာလဲ..တစ်ရက်တည်းတွေ့ပြီး..တစ်ဘဝလုံး
ချစ်မိသွားတယ်..ဆိုလားပဲ''
''ဘာလဲ..မင်းဘက်က.ရေလာမြောင်းပေး
ဘယ်လောက်ထိတောင်.လုပ်ထားပြီမို့လဲ..
ရှင်းပြစမ်းပါအုံး''


''ရှင်..ဟင့်အင်း.အနော်မသိပါဘူး''

အနော်.ခေါင်းသာ.အသွင်သွင်ရမ်းခါမိပါသည်စာထဲဘာစာတွေရေးထားမှန်းမသိပေမယ့်..အကိုကတော့
ဖတ်လိုက်သူမို့..မျက်နှာသိသိသာသာ
ပျက်နေသည်..
တစ်ခန်းလုံးရဲ့.အကြည့်တွေကို.ရင်ဆိုင်ဖို့
အနော်...ရှက်ရွံခဲ့ရသည်..
အရွယ်ရောက်ပြီသား...အနော်ကို.ဘာလို့အကိုက.နားမလည်ပေးရတာလဲ
ပြီးတော့...တစ်ခန်းလူံးရှေ့မှာ..
အကိုက အနော်ကို.အရှက်ရအောင်.
အော်ငေါက်နေပါသည်


''ညနေ...မှမင်းနဲ့ငါတွေ့မယ်.နော်ပိုးရုံ..
ကျောင်းတက်တာ..တစ်လမပြည့်သေးဘူး
ဘယ်ကမှန်းမသိတဲ့..အီစီကလီတွေက..များနေပြီ''
''တောက်''


''ဒီနေ့...နားမယ်....တစ်ခန်းလုံး
စကားမပြောကြနဲ့''


အကိုက.အနော်ကိုဒေါသတကြီးဆို၍
ကျောင်းသူကျောင်းသားတွေကို.ပြန်ပြောကာ
စာအုပ်ကိုယူ၍.ကျောင်းခန်းထဲမှ
ထွက်သွားသည်
အကိုထွက်သွားသည်နဲ့.ကျောင်းသူကျောင်းသားတွေ
အချင်းချင်းတီးတိူးပြောကြလေပြီ

🌷 ချစ်လူကြမ်း 🌷Where stories live. Discover now