part-10

9.7K 191 8
                                    

''ဒါက..မင်းနေရမယ့်အခန်းပဲ..နော်ပိုးရုံ..
ဒီမှာ..ခဏထိုင်စောင့်နေလိုက်..
ဆရာမတွေက..အချိန်ဇယားပေးပြီး..စာအုပ်ပါ
ထုတ်ပေးလိုက်မယ်...မင်းအတွက်..ကျသင့်တဲ့
စာအုပ်ကြေး..ပေးသွင်းထားပြီးသား''

'ကျေးဇူးပါ...အကို..
အနော်ကြောင့်..အလုပ်ရှုပ်နေပါပြီ''

''ရတယ်..ရတယ်.ဒါက.ငါ့ရဲ့တာဝန်ပဲ..
ခုတော့.အတန်းထဲမှာ..သူငယ်ချင်းတွေနဲ့
သွားထိုင်ပေါ့..ငါလည်း..ဆေးရုံသွားရတော့မယ်..
ညနေ...လာကြိုမယ်''

''ဟူတ်ကဲ့''

အနော်.ခေါင်းလေးငြိမ့်ပြမိပြီး..
အကိုက.အနော်ကို..မှာကာ...အနော်ရှေ့မှ
နောက်လှည့်ထွက်သွားသည်...
မရင်းနှီးသေးသော...ပတ်ဝန်းကျင်မို့..အနော်စိမ်းသက်နေပြီး...နေရာလွတ်နေသော...အလယ်ခုံလေးမှာ..
ထိုင်လိုက်ပါသည်..
ကျောင်းသူ..ကျောင်းသား..အနည်းငယ်သာ
တွေ့ရပြီး...ကျောင်းချိန်တွင်း..ဆရာမတစ်ယောက်မှ
ဝင်မလာသေးပါ..
မနေ့ကမှ..ဝယ်ပေးထားသော...ဖုန်းကိုထုတ်၍..
ဟိုကြည့်ဒီကြည့်....ကြည့်နေမိပါသည်..

မေမေမျိုးပြောသည့်အတိုင်း..
အနော်တိူ့လို..ကျောင်းသူလေးတွေရဲ့..ဝတ်စားဆင်ယင်မှုက..လူကုန်ထန်တွေလို...စျေးကြီး..အဝတ်အစားများနှင့်
အသုံးအဆောင်တွေပင်...
အနော်ဟာ....ငယ်ငယ်လေးကတည်းက..
စျေးကြီးတဲ့.အရာတွေကို.မမက်မောပေမယ့်..
မေမေမျိုးနဲ့..အကိုကျေးဇူးကြောင့်ဝတ်ဆင်ခွင့်
ရခဲ့ပါသည်..

လက်ကိုင်အိတ်. မြန်မာဝတ်စုံ...မိတ်ကပ်ပစ္စည်းကစ..
စျေးမြင့်ပြီး....တော်တော်ကုန်ကျခဲ့ပါသည်..
အနော်အခြေအနေမျိုးနဲ့ဆို..ဒီအရာတွေကို..
အိမ်မက်တောင်.မက်ခွင့် .ရမည်မထင်ပါ

-
-
-

''မဂ်လာပါ..သားတို့''

''မဂ်လာပါဆရာမ..''

ကျောင်းခန်းထဲ..ဆရာမတစ်ယောက်က
နှုတ်ဆက်သံနဲ့.အတူဝင်လာသည်..
အနော်အပါအဝင်.ကျောင်းသားကျောင်းသူ
များဟာလည်း..ထိုင်နေရာမှ..ရပ်ကာ ရိုသေစွာ
ဦးညွတ်ကြပါ၏

''ထိုင်ပါကွယ်.....''
''ဒီနေ့က.ပထမဦးဆူံးနေ့မို့..
ဆရာမ.အရင်မိတ်ဆက်မယ်...
ဆရာမနာမည်က..ဒေါ်မြင့်သီတာပါ...''
''သားတို့သမီးတို့က...ခုမှဆရာဝန်လောင်းလေးတွေ
ဖြစ်ကာစမို့..ဒီထက်ပိုပြီး.ကြိုးစားရမယ်'
''ကျောင်းသူ..ကျောင်းသား.အချင်းချင်းရှိုင်းပင်း
ကူညီကြပါ''
''ဒီမှာ..နော်ပိုးရုံ.ဆိုတဲ့.သမီးရှိလား''

🌷 ချစ်လူကြမ်း 🌷Where stories live. Discover now