part-9

6.7K 128 2
                                    


''ပွန်...ပွန်...ဝေါ''

''ဟယ်..သားရယ်..ဘာလို့ဒီအချိန်ထိ
နောက်ကျနေရတာလဲ...
သမီးလေးရော''

''ကျစ်..အိပ်ပျော်နေပြီ..မေမေ
ကျတော်ချီလိုက်တော့မယ်..
ညနေက..အရေးပေါ်လူနာတွေရောက်လာလို့နည်းနည်းနောက်ကျတာပါမေမေ''

''ဟယ်.သားရယ်''

မေမေက...သက်ပြင်းတစ်ချချနဲ့
သူမလက်လေးကို.ကူထိန်းပေး၏..
သူ...အသာအယာအိပ်ပျော်နေသော.သူမကို
စွေ့ခနဲပွေ့ကာ..အိပ်ထဲဝင်လိုက်သည်
မေမေကလည်း ကားပေါ်က..ဂျူတီကုပ်နဲ
ဖုန်းထည့်ထားသော.အိပ်ကိုယူကာ..သူ့နောက်မှ
လိုက်လာခဲ့သည်

''ဒီလိုဆို.မေမေသမီးလေးကို.မထည့်လိုက်ပါဘူးကွယ်
ကယ်ကယ်.အိပ်ခန်းထဲထိပါ.ပို့လိုက်တော့
မနိုးစေနဲ့အုံး....မနက်ဖြန်..ကျောင်းက.စတက်ရတော့မှာ''

''ဟုတ်ပြီ..မေမေ''

တန်ခိုး..မေမေကို.ဖြေ၍.သူမကိုယ်လေးကို
ပွေ့ချီလျက်..အိပ်ပေါ်ထပ်အခန်းသို့
ဦးတည်လိုက်သည်..
သူမအခန်းရှေ့ရောက်တော့.အခန်းတံခါးကို
ခြေ.ဖြင့်ဖွင့်ကာ...အခန်းထဲ..ဝင်လိုက်၍..
ပန်းနုရောင် မွေ့ယာပေါ်မှာ.အသာအယာချသိပ်လိုက်သည်.
ခုထိ..တစ်ချက်.မငြီးငြူပဲ....တုန့်တုန့်မျှ
လှုပ်မလာပုံက.အိပ်မောကျနေဟန်ပါ.
သူ.အသာပြုံးမိသွားပြီး....စောင်အထူကြီးကို
ခပ်ဖွဖွခြုံပေး၍...အခန်းမီးကို.ပိတ်လိုက်သည်

တစ်နေ့လုံး.သူလည်း.မနားရအောင်
ပင်ပန်းခဲ့ပါသည်
ဒါပေမယ့်.သူကနေသားကျနေပြီး.
သူမကတော့..ဘားမှမလုပ်ရခင်.သူ့ထက်ပင်ပန်းနေသလို

ဒီကောင်မလေး..ဘယ်လောက်ထိ.နူ့ညံလေသလဲ..
တော်တော်.အကြမ်းမခံတဲ့.မိန်းကလေးပါ

-
-
-

''သား...စောစောအိပ်နော်..
မနက်ဖြန်.သမီးလေးကို.ကျောင်းကို.သွားပို့ပေးပါအုံး.
မေမေကတော့..ကျောင်းပို့.ကျောင်းကြိုဘယ်သူ့ကို
ခိုင်းရမလဲ စဥ်းစားနေတာ..
သားကလည်းမအားလို့လေ''

''ရပါတယ်.မေမေ.မနက်ဖြန်တော့.ကျတော်ပို့လိုက်မယ်.
နောက်ပိုင်းတော့.ကျတော်.အခွင့်ရရင်ရသလို.အပို့အကြို
လုပ်ပေးပါ့မယ်..ကျတော်လည်း.ရှေ့လပိုင်းဆို.
ကျောင်းမှာ...အချိန်တစ်ချိန်ယူပေးရတော့မှာပဲ''

🌷 ချစ်လူကြမ်း 🌷Where stories live. Discover now