''တောက်''
''ဒူန်း''''အဟင့်..အင့်''
ကားထဲ...အကိုရဲ့.တောက်ခေါက်သံက
ကျယ်လောင်လာပြီး..ကားစပယ်ရာတိုင်
ကိုလက်တီးနဲ့ပိတ်ထုနေသည်..
အနော်ကိုလည်း..ဘာစကားမှမပြောလာသလို..
မျက်မောင်ကြီးသာ..ကုပ်နေသည်အနော်မျက်ရည်တွေ.အလိုလိုစီးကျလာရပြီး..
လက်ဖျားတွေပါ.တုန်ရင်လာသည်.
ဝမ်းနည်းစိတ်.ကြောက်ရွံစိတ်တို့ကလည်း.
တစ်ဖြည်းဖြည်း.မြင့်တက်လာရပြီး.
ကိုယ့်အမှားကို..သိသူနှယ်..ရှက်ရွံရသည်..''တောက်....''
''ဟင့်..အကို..အနော်.အနော်.တောင်းပန်ပါတယ်..
အနော်..လေသူတို့ကိုလည်းမသိပါဘူး''''ကျစ်''
အကိုက.ထပ်မံ၍.တောက်ခေါက်တော့..
အနော်.မနေနိုင်တော့ပဲ...အကို..မျက်နှာကို
မော့ကြည့်၍.တောင်းပန်မိပါသည်....
အကိုက....အနော်ကို.တစ်ချက်သာကြည့်၍..
ကျစ်သာ.စုပ်သတ်သွားသည်.
အနော်ရှိုက်ငို၍..အနော်လက်မောင်းကို..အားလေး
တင်းကာ..ဖက်တွယ်၍''အနော်ကိုအကို.မုန်းနေမှန်းသိပါတယ်....
အကိုနဲ့.မေမေမျိုး.မကြည်ဖြူတော့ဘူးဆိုရင်..
အနော်..အဆောင်ငှားနေပါ့မယ်..ပြီးတော့.ပြီးတော့လေ
အနော်ကြောင့်...အကိုတို့.သိက္ခာကို.မကျဆင်းစေချင်ဘူး''''ကျစ်..မင်း..မင်း''
သူမစကားမဆုံး.တန်ခိုးမျက်နှာပျက်သွား၍
စကားပါ.ထစ်ငေါ့သွားရ၏..
သူ့ကို.မျက်နှာငယ်ဖြင့်တောင်းပန်...
နေပုံလေးက...ဂရုဏာသက်ဖွယ်ကောင်းနေ၏
မျက်နှာဖွေးဖွေးလေးပေါ်...မျက်ရည်တွေ စိုကပ်နေပြီး..
မျက်တောင်ဖျားလေးတွေ..မှာ..လည်းမျက်ရည်တွေ
ကပ်ညှိနေချေပြီ
သူခေါင်းခါရမ်းပစ်၍...သူမလက်လေးနှစ်ဖက်ကို
စုကိူင်ကာ''ငါက.မင်းကို..မုန်းနေတယ်လို့
ပြောနေလို့လား.နော်ပိုးရုံ...မင်းနဲ့ငါ..က
ဘားမှမဆိုင်မှန်း..သိပါတယ်.ဒါပေမယ့်..မင်းက
မိန်းကလေးမို့ ငါက.ဆုံးမနေတာ''
''ထားပါတော့..နောက်ဆို..မင်းဘက်ကလည်း
ဆင်ခြင်ပေါ့..''''ဟုတ်ကဲ့.အနော်..ဘယ်သူနဲ့မှ
မပတ်သက်တော့ပါဘူး''.
.''ကောင်းပြီ..မျက်ရည်တွေ သုပ်လိုက်တော့''