''ဒါ..ဘယ်လိုဖြစ်ကြတာလဲ
မေမေ...သားကြားခဲ့တာ..အမှားမဟူတ်ဘူး
မလား''''မေမေ..ဝန်ခံပါတယ်.သားရယ်
သားဟာ..မေမေ့ဝမ်းနဲ့.လွယ်ပြီးမမွေးခဲ့
ရပေမယ့်.သားအရင်းပါပဲ...''
''မေမေနဲ့..မောင်စောဖော်က..အိမ်ထောင်ကျ
ခဲ့ဖူးပါတယ်..သားထက်.ငယ်တဲ့.သမီးလေးကိုလည်း
မွေးဖွားခဲ့တယ်...သားဖေဖေနဲ့.အိမ်ထောင်ကျပြီး
သားဟာ..သိတတ်တဲ့.အရွယ်ရောက်နေပါပြီ
သားမေမေအရင်းနဲ့.မေမေဟာ..အလွန်တူ
တာမို့..သားရဲ့.မေမေဟာ..မေမေပါပဲ.သားရယ်''''အဟက်''
တန်ခိုး.ယောကျာ်းတန်မယ့်..ငိုယို
မိပါ၏..
သူမသိခဲ့လေချင်း.
သူမလေးကမှ.မေမေသမီးအရင်းတဲ့လား..
ဒါကြောင့်.မေမေက...သူမလေးကို
သူ့ထက်ပင်..ဂရုစိုက်တာကို
သူ.မနာလို..မဖြစ်ပေ့မယ့်.အရူးလုပ်ခံ
လိုက်ရ၍..ရင်နာသည်..
သူဟာ.မေမေရဲ့.သားအရင်း.မဟုတ်ဘူးတဲ့လေ''သား...အရာအားလုံးက.မေမေ့ရဲ့
အပြစ်တွေပါကွယ်..သမီးလေးကိုတော့
သားအရင်လို...ဆက်ဆံပေးပါ''''ရုံလေးက...ကျတော်ချစ်တဲ့.မိန်းကလေးပဲ
မေမေ....ကျတော်...ဝမ်းနည်းမိတာပါ
ကျတော်မေမေလို.ထင်ခဲ့တဲ့.မေမေက
ခုတော့''''အို့.သားရယ်''
ငိုနေသော..သားဖြစ်သူကို
ဒေါ်မျိုးပုလဲ..ဝမ်းနည်းစွာ.ဖက်လိုက်ပါ၏
ဦးစောဖော်ကလည်း...ဘေး၌..စိတ်မကောင်းစွာ
ရပ်ကြည့်နေလေသည်
တကယ်တော့.ဒီကိစ္စတွေဟာ.ကလေးတွေ
အပြစ်မှ..မဟုတ်လေပဲ''သား..စိတ်လျော့ပါ.ကွယ်
သားဟာ.ဘယ်လိုပဲ.ဖြစ်ဖြစ်.မေမေ့ရဲ့
သားပါပဲ......''''ကျေးဇူးပါ.မေမေ..
ကျတော်သွားနားတော့မယ်..အပေါ်မှာ
ရုံလေး..တစ်ယောက်ထဲမို့''တန်ခိုး.သက်ပြင်းကြိတ်ချ၍
မိခင်ဖြစ်သူကို.ပြောကာ..အပေါ်ထပ်သို့
ဦးတည်လိုက်ပါ၏
ဘယ်လိုပဲ.ဖြစ်ဖြစ်ပါလေ..
ရှေ့ဆက်ရမယ့်.အနာဂတ်က..ရှိသေး၏..
ပြီးတော့.သူမှာ...သိပ်ချစ်ရတဲ့.ဇနီးနဲ့..
နောက်ဆို.ကလေးပါ.ရတော့မည်လေအိပ်ခန်းထဲ.ရောက်တော့
သူထင်ထားသည့်အတိုင်း.သူမလေးက
အပြစ်ကင်းစင်စွာ..အိပ်ပျော်နေချေပြီ..
ကိုယ်ဝန်...လွယ်ကာစမို့.အပင်ပန်းလည်း
သိပ်မခံနိုင်ပါ..
အတွေ့အကြုံလည်း..မရှိသေးတာမို့.
သူကပဲ..ဂရုစိုက်.ကြည့်ပေးရ၏