တစ်နေ့လုံး..လူနာတွေနဲ့အချိန်ကုန်နေပေမယ့်..
သူ့စိတ်ထဲ..မတင်မကျ..ဖြစ်နေသည်.
အိမ်ကို...အမြန်ပြန်ချင်စိတ်က..ပို၍ခိုင်မာလာသလို..
သူမလေး...နေမကောင်းအလွန်ဖြစ်နေမှာလည်းစိုး၏..
မိန်းကလေးမို့..နူ့နယ်ပြီး...သူတို့လိုယောကျာ်းတွေလောက်..အပင်ပန်းခံနိုင်မှာ..မဟုတ်ပါ.
သူ့အိမ်ပြန်နောက်ကျတိုင်း သူမက..အိပ်ရေးငတ်၍..
ပင်ပန်းရသည်..ဒါတွေက..သူ့အပြစ်တွေပါပဲ..
နေ့ဂျူတီပြီးတော့..ညကို.ဆက်မဝင်တော့ပဲ..
ဆရာဝန်..တစ်ယောက်ကို..လက်ပြောင်းလွဲ
ထားခဲ့သည်..
ဆေးရုံက..ကြီးလွန်းပြီး..ဆရာဝန်ဆရာမတွေကလည်း
လူနာတွေအပေါ်...အားထားသည်မို့..
နားနားနေနေပင်..မနေခဲ့ပါ.
ဒါကြောင့်လည်း..ဆေးရုံက.နာမည်ကောင်းရသလို.
လူနာ..တွေအတွက်လည်း..အဆင်ပြေလှ၏ရုံးခန်းထဲရောက်တော့..ဂျူတီကုပ်ကိူ
အမြန်ချွတ်၍...စားပွဲပေါ်တင်၍...ရေသန့်ဘူးကို
ဖောက်ကာ.တစ်ကြိတ်မော့သောက်လိုက်ပါ၏..
လက်ပတ်နာရီကို..ပြန်ကြည့်ကာ ညနေခြောက်နာရီ
ထိုးနေပြီမို့..အိမ်ကိုသာ..တန်းပြန်ရမည်မို့..
အာတာချီကေ့ထဲ....ဖုန်းနဲ့..ပိုက်ဆံအိတ်ကို
အမြန်ထည့်၍.နားနေခန်းထဲမှ....ပြန်ထွက်လာခဲ့၏-
-
-ကားကို..အရှိုန်တင်ကာ..မောင်းနှင်လာသည်မို့
အိမ်သို့...အမြန်ရောက်ခဲ့သည်..
ပေါ်တီအောက် ကားထိုးရပ်တော့. အလုပ်သမားက
ကားတံခါးကို..အသင့်လာဖွင့်ပေးသည်
အိမ်အကူကလည်း...သူ့လက်ထဲမှ
အိတ်ကို....ခပ်ရို့ရို့လက်ပြောင်းယူပါ၏''အကိုလေး...ညစာ..စားတော့မလားရှင်''
''ရတယ်.ကျတော်မဆာသေးဘူး..မယု.
ဒါနဲ့...မေမေတို့ရော..နော်ပိုးရုံ..က
သက်သာရဲ့လား''''ဟုတ်ကဲ့...နော်ပိုးလေးက..သက်သာနေပါပြီ
မမကြီးကတော့..နော်ပိုးလေးရဲ့.အခန်းထဲမှာ
ထင်တယ်.''''ကောင်းပါပြီ..ဒါဆို.ကျတော်သွားလိုက်ပါအုံးမယ်''
အိမ်အကူရဲ့ အဖြေကိုနားထောင်၍
တန်ခိုးခေါင်းသာ..တစ်ချက်ငြိမ့်ပြကာ..
အိမ်ပေါ်ထပ်သို့..အမြန်တက်လာခဲ့ပါ၏
သူမ....
သက်သာတယ်ဆို၍..သူအနည်းငယ်တော့.စိတ်ပေါ့ပါးလာရသည်..မဟုတ်ရင်တော့..သူမလေး..ဝေဒနာကို
ကြာကြာခံစားရမှာ..စိုးရိမ်မိသည်...
သူမအခန်းရှေ့.ရောက်တော့..အခန်းလော့ဆီ
လက်တင်ရင်း..တွန့်ဆုန့်နေခဲ့ပြန်သည်..
သူ့ကြောင့်..နေမကောင်းဖြစ်ရတာမို့..သူမသူ့ကိုများ
စိတ်ခု..နေမလား
သို့ပေမယ့်..သူဒီလိုရှောင်လွဲ..လို့လည်းမရခဲ့ဘူးလေ
သူမအခန်းကို...မဝင့်မရဲတွန်းဖွင့်လိုက်တော့ .
ကုတင်လေးထက်..မိန်းနေတဲ့ သူမကို.ဦးစွာ.မြင်ရသည်
မေမေက..သူမဘေးမှာ..ထိုင်နေပြီး..နှာဖူးလေးကို
ခဏခဏစမ်းနေသည်..
သူ့ဝင်လာတာကို.မသိသေးတဲ့မေမေက..
သူမလေးကို..အလွန်အမင်း..စိုးရိမ်နေပုံပါ..