part-28

4.6K 86 2
                                    


အိမ်ထဲရောက်ရောက်ချင်း..
အနော်..အကိုလက်မှရှုန်းထွက်မိသည်..
မသိမသာပြုံးကြည့်နေသော..အကိုမျက်နှာက
ကျေနပ်နေပုံရပြီး...အနော်ရဲ့..မျက်နှာလေးကို
စိုက်ကြည့်သည်

မထင်မှတ်ပဲ..လုပ်ရက်ကြောင့်..
ဝမ်းနည်းကာ..စိုးထိတ်လာသည်
ဒီကိစ္စတာ...မေမေမျိုးသိရင်တော့.အနော်ကို
မုန်းသွားလေမလား..
အကိုက..အနော်ကို..စနောက်ခဲ့ရင်တောင်..
ဒီလိုကိစ္စမျိုး...ကို..မစနောက်သင့်ပါလေ

''ခုလိုအခြေအနေမှာ...မင်း.ကိုယ့်ကို
လက်မခံနိုင်သေးဘူးဆိုတာ.ကိုယ်နားလည်ပါတယ်
ရိုးလေး....''
''မင်း..ကိုယ့်ကို..စိတ်ကြိုက်လေ့လာပါ.
မင်းခွင့်ပြုချက်.မရပဲ..ကိုယ်မင်းကို..
ဘားမှ..မလုပ်ပါဘူး''


''ဟင့်အင်း..အနော်.အနော်အိမ်ပြန်ချင်တယ်..
ပြီးတော့...မေမေမျိုးက..အနော်ကို..ကိုရှိုင်းနဲ့''

''တော်ပြီ...ရိုးလေး..မင်းဟိုအကောင်နာမည်ကို
ကိုယ်ရှေ့မှာ..လာမပြောနဲ့..
ကိုယ်မင်းကို.ချစ်လွန်းလို့.မေမေကို
လွန်ဆန်ခဲ့တာ..မင်းဘက်က..
ကိုယ်အပေါ်.မချစ်နိုင်သေးရင်တောင်
ကိုယ့်ရဲ့ခံစားချက်ကိုတော့..မင်းနားလည်ပေးပါ''

''အင့်''

အနော်..မျက်ရည်ဝဲကာ.ရှိုက်ငိုလိုက်မိသည်
အကိုက..အနော်ပခုံးနှစ်ဖက်ကို..စုကိုင်၍
မျက်လုံးတွေ.ရဲကာ..ဆိုလေသည်..
အနော်..နားမလည်နိုင်တော့ပါ..
အရင်က..အနော်အပေါ်..အကို..အကြည်ဖြူခဲ့ဘူးမဟုတ်လား..
ပြီးတော့.အနော်ကို.တစ်ကြိမ်တစ်ခါ.ချစ်မိခဲ့
ရင်တောင်..အကိုဟာ.မေမေမျိုးကိုတော့..တိုင်ပင်
သင့်သည်လေ..
မေမေမျိုးက...အနော်ကို..လက်မခံနိုင်လို့လား

''ကိုယ်တို့.နားရအောင်..ရုံလေး
အဝတ်အစားနဲ့.အသုံးအဆောင်တွေကိုတော့
ကိုယ်.မနက်ဝယ်ပေးမယ်..''

''အင့်.ဒါပေမယ့်...အနော်.တို့ကိုမေမေမျိုး''

''တော်ပြီး.နော်ပိုးရုံ..
မင်း.ကိုယ့်ကိုသာ.ခေါင်းထဲ.ထည့်ထားစမ်းပါ''

ခုထိ..ရှိုက်သံမတိတ်သေးသော.သူမကို
တန်ခိုးနားလည်အောင်.ပြော၍..
အိပ်ခန်းကျဥ်းလေးထဲသို့..ခေါ်လာခဲ့၏
အိမ်ခန်းလေးက.သန့်ပေမယ့်...သူအရင်အိပ်ခန်းလောက်တော့..မကျယ်ပါ

🌷 ချစ်လူကြမ်း 🌷Where stories live. Discover now