'''မျိုး...ဟိုမှာ...ခင့်သားလေးလေ..
ဘယ်လိုလဲ...ချောတယ်မဟုတ်လား'''''ချောပါတယ်ရှင့်..ခင့်ရဲ့သားနဲ့
သမီးက..တကယ်အတော်လေးတွေပဲ''''အဟွန့်...သားက..သမီးကြီးထက်
ပိုပြီးထက်တယ်...မျိုးရဲ့..
ဒီနှစ်ထဲ...သားက.ကျောင်းပြီးတော့မှာ
လူငယ်သဘာဝ...ဆိုးပေနေပေမယ့်...သူ့ဒယ်ဒီရဲ့
လုပ်ငန်းတွေကို.လက်လွဲလုပ်ကိုင်တတ်နေပြီ''မေမေနဲ့ဒေါ်ခင်ရတနာ...စကားတွေက
လိုက်လိုက်လဲလဲ.ရှိကြ၏..
သူနဲ့သူမလေးက...မေမေတို့နဲ့.အတူ
စားပွဲဝိုင်းမှာ..ဝင်ထိုင်ရသည်
ဒေါ်ခင်ရတနာက...တစ်ခြားဧည့်သည်တော်တွေကို
နှုတ်ဆက်နေသော...ဦးဒီပါဘေးက..
ကောင်လေးက..မျက်စ..ပျက်ပြ၏
ကောင်လေးပုံစံက...သူ့ထက်တော်တော်ငယ်
မည့်ပုံပါ..
သို့ပေမယ့်...စတိုင်ကျကာ..သဌေးသား
ပီသလွန်း၏..
ဖခင်ဖြစ်သူ..အရိပ်ကိုလိုက်၍..ထက်မြက်တာလည်း
မဆန်းပါ....''ကယ်...ကိုမုန်းတို့.လာပါပြီ..
သားလေးရော..ခင်မိတ်ဆက်ပေးမယ်နော်''ခဏအကြာ.ဦးဒီပါမုန်းနဲ့အတူ
လျောက်လာသော.ကောင်လေးကိုမြင်၍
ဒေါ်ခင်ရတနာက..အပြုံးချိုချိုနဲ့
ဆိုလေ၏..
သူတို့နား.ဦးဒီပါမုန်းက..ရောက်ရောက်ချင်း
မေမေကို..နှုတ်ဆက်သည်...
အားလုံးကိုလည်း.ဖော်ဖော်ရွေရွှေ.မိတ်ဆက်ပေးလေ၏''ကိုမုန်း..ဒါက...မျိုးရဲ့.သားလေးလေ..
သိတယ်.မဟုတ်လား..
ဟိုက..မျိုးရဲ့သမီးလေး''''သားကိုတော့..ကိုယိမြင်ဖူးတယ်ခင်..
သမီးလေးကိုတော့..ခုမှမြင်ဖူးတာ..
အားလုံးတွေ့ရတာ.ဝမ်းသာပါတယ်ကွယ်''''ကျေးဇူးပါဗျာ''
သူက.ပြန်၍..နှုတ်ဆက်တော့
ဦးဒီပါ..က...ခေါင်းငြိမ့်ကာ..စားပွဲ
ဝိုင်းမှာဝင်ထိုင်၏..''သားငယ်...သမီးလေးကို..
ခေါ်သွားလိုက်လေ.....ရေကူးကန်ဘက်လိုက်ပြပေါ့''''ဗျာ..ဒယ်ဒီဟို''
''ဘာလဲ..မင်းက...မခေါ်ချင်လို့လား''
''မဟုတ်ပါဘူး..ဗျ..ဒယ်ဒီကလည်း
သားဆန္ဒလည်း.ဒယ်ဒီတို့သိသားပဲ''