part-33

6.7K 158 1
                                    


သူမအဖေရဲ့..မကြည်ဖြူမှုကြောင့်
တန်ခိုး..မကျေမနပ်ဖြင့်.အိပ်ခန်းထဲမှ
ထွက်ခဲ့ရ၏
သူမလေးက..ဖခင်ဖြစ်သူဘေးက.အိပ်ယာခင်း
ခင်းကာ..ခြင်းထောင်ပါ..ထောင်ပေး၏..
သူ..မကျေမနပ်ဖြင့်.ပြင်ပေးသော
အိပ်ယာမှ..ထိုင်လိုက်ကာ...မတိုးမကျယ်
ကျစ်သပ်လိုက်၏

ဒီလူကြီးတော်တော်မလွယ်ပါလား
လက်ထပ်ထားကစ...သူတို့နှစ်ဦးကို
ပညာသား.ပါပါဖြင့်..ခွဲချေပြီ
သူမလေးက..သူ့ကို.မျက်နှာမကောင်းသလို
ကြည့်ရင်း..အိပ်ခန်းထဲ.ပြန်ဝင်သွား၏
သူ.ဘေးက..ယေက္ခထီးအား..မြန်မြန်
ကြွပါစေဟုသာ...ဆုတောင်းမိတော့သည်.
သူဟာ.ဆရာဝန်.တစ်ယောက်ပေမယ့်..
ဒီလိုစိတ်.မထားသင့်မှန်းသူသိ၏

ကျစ်.စိတ်ရှုပ်လိုက်တာ
ဒီလူကြီးနဲတော့.အကုသိုလ်တော်တော်များပါလား.
သူ.....မကျေမနပ်ရေရွက်၍..
အိပ်ယာမှာ.လဲအိပ်လိုက်ရ၏
ဒီညတော့.သူတော်တော်နဲ့.အိပ်မပျော်ခဲ့ပါလေ.
သူမနဲ့သူရဲ့.အနာဂတ်အတွက်.ရင်မောနေရ၏

-
-
-

မနက်လင်းတော့..မီးဖိုချောင်ထဲမှ
ချက်ပြုတ်သံတွေကို.ကြားရ၏..
အိပ်နေရာမှ..ထ၍..ဘေ.ဘီကို.ကြည့်တော့
သူမအဒေါ်က.သူမအဖေကို..ဆံပြုတ်
တိုက်နေ၏
သူ.အိပ်ယာကို.ခေါက်သိမ်းကာ.နောက်
ဘေးဘက်သို့.ထွက်လာတော့.ဟင်းရွက်တွေ
နွာနေသော.သူမကို..တွေ့ရသည်.
သူမက.သူ့ကိုမြင်တော့.ချက်ချင်းထလာကာ
ကြောင်အိမ်ပေါ်က.သွားတိုက်တံအသစ်နဲ့.သွား
တိုက်ဆေးကို.ကမ်းပေး၏

''ဒီမှာ.ကိုကို.အတွက်
အိမ်ရှေ့က.တွင်းမှာ.ကိုကိုချိုးဖို့
ရေငင်ထားပေးတယ်.သွားချိုးလိုက်နော်''


''မချိုးသေးဘူး..ညက..ကိုယ်တော်တော်နဲ့
အိပ်မပျော်ဘူးနော်.ရုံလေး..
ကျစ်..မင်းဖေဖေကွာ..လူက.သာ
နာမကျန်းတာ.ဟောက်ကလည်းဟောက်သေးတယ်
ပြီးတော့..ကြင်စဦး.ဇနီးမောင်နှံ
ဖြစ်တဲ့.ကိုကိုတို့ကို.ခွဲထားသေးတယ်''


''ကိုကိုကလည်း
လူကြီး...ကို..
ရေသွားချိုးတော့နော်
အနော်.ကောင်ညင်းပေါင်းနဲ့.အကြော်
ပြင်ပေးထားတယ်''

သူမက.သူ့စကားအဆုံး
မျက်နှာလေးညိုးကာ.ဆိုလာ၏
တန်ခိုး..သူမလေးကို.ခါးကနေ
သိုင်းကျုံးဖက်လိုက်ပြီး.မျက်နှာနူ့နူ့လေးကို
အတင်းနမ်းပစ်လိုက်သည်

🌷 ချစ်လူကြမ်း 🌷Where stories live. Discover now