''အကို....အနော်ကူဆွဲမယ်လေ''
''ရတယ်..ရတယ်..မင်းက.မအိပ်သေးဘူးလား
မေမေရော''''ဟင့်အင်း....မေမေမျိုးက.ပင်ပန်းလို့
အိပ်နေပါပြီ..အနော်ကိုစောင့်ခိုင်းလို့ပါ''မျက်လွှာချကာ..မဝင့်မရဲ.ဖြေလာသော
ပုံစံလေးကို.ကြည့်၍တန်ခိုးနှုတ်ခမ်းတစ်ချက်တွန့်သွား၏
သူအိမ်ထဲဝင်ဝင်ချင်း..သူမက..အာတာချီကေ့ကို
ကမ်းယူတော့..သူ..ခပ်ဖွဖွသာကမ်းပေးလိုက်၏..
သူမက..သူ့ရှေ့မှခပ်ရို့ရို့ထွက်သွားပြီး.
မီးဖိူခန်းဘေးရောက်တော့..သူ့ဘက်လှည့်လာပြန်သည်''အကို...နားအုံးမလားရှင့်..
အနော်ညစာ.ပြင်ထားပါ့မယ်''''မလိုဘူး.ရတယ်..ငါ့ဖာသာစားမယ်''
''ရှင်.ဒါမယ့်..မေမေမျိုးက''
''ကျစ်..''
တန်ခိုး..ကျစ်စုပ်သပ်ကာ..
သူမ..ပြောချင်တဲ့.စကားတွေကိုရပ်မိနေသည်
သူမက..သူ့ကိုကြောက်ရွံစွာစကားလုံးများ
ပြောက်ရှာနေသည်.
သူ..သူမလက်ထဲက..အိတ်ကိုပြန်ဆွဲယူ၍
ဆံပင်ကို..ထိုးဖွပြီး..''ပြင်ထားလိုက်...ငါရေချိုးပြီး
လာခဲ့မယ်''''ဟုတ်ကဲ့ရှင့်..အကို''
အနော်.ခေါင်းလေးငြိမ့်ပြတော့
အကိုက..အိမ်ပေါ်ထပ်လှေကားဆီ..ခပ်မြန်မြန်
ထွက်သွားသည်..
အကိုနောက်ကျောပြင်ကို.ကြည့်၍..အနော်သက်ပြင်းချမိလိုက်ပြီး..ထမင်းစားခန်းဆီသို့..ဦးတည်လိုက်ပါသည်မမယုနဲ့.မေမေမျိုးချက်ထားသော..
ငါးဖယ်ချက်..ငါးရုတ်သီးကြော်နှင့်..
ဆိတ်သားမျှကြော်လေးကို..အရင်ခူးခပ်လိုက်သည်..
အသီးအရွက်စုံ..ဟင်းရည်နှင့်....ကန်စွန်းပလိမ်း
ပြီးတော့. ကြက်သားဆီပြန်ချက်လေးကို
ထပ်ခူးလိုက်သည်.
ထမင်းကို...အုပ်ထဲမှ....ခူးကာ..ဆီလေးနဲ့..ပဲ
အနည်းငယ်.ရောကာ...နယ်လိူက်သည်
သေ.သပ်သွားပြီဆိုမှ..ဇွန်နဲ့ခုရင်းတပ်ကာ.စားပွဲခုံပေါ်
အသာအယာချလိုက်သည်..
ညနေကတည်းက..ပင်ပန်းနေပုံရသော..
အကို.စိတ်ကြည်လင်စေရန်...ရေခဲသေတ္တာထဲမှ
.သံပုရာသီးတစ်လုံးကိုယူကာ...ဖန်ခွက်ထဲသကြားနှင့်
ဆားအနည်းငယ်.ထည့်ပြီး.ရောကာဖျော်လိုက်သည်..
အကိုကြိုက်မကြိုက်..မသိပေမယ့်.အနော်ဟာ
အကိုနဲ့မေမေမျိုးအိမ်မှာ.နေရတာမို့ အလိုက်သိရမည်
![](https://img.wattpad.com/cover/370273812-288-k701800.jpg)