part-27

4.1K 85 2
                                    



''မေမေ..နော်ပိုးရုံရော''

''ခုဏက..သားရှိုင်းခေါ်သွားတယ်လေ
သားရယ်...ဒီနေ့.သားရှိုင်းမွေ့နေမှာ..
ဘုရားသွားကြမယ်..ထင်တယ်''

''ဘယ်လိုမေမေ..ဒီနေ့.ကျောင်းဖွင့်တယ်
မဟုတ်လား...ကျစ်''

သူမစကားကြောင့်..အလိုမကျ.ကျစ်သပ်လိုက်သော
သူ့ကို.မေမေက..နှုတ်ခမ်းတွန့်ပြုံးကြည့်၏
သူ...ခေါင်းခါရမ်းပစ်၍.မကျေမနပ်ဖြင့်

''ဘာလို့.ဒီကောင့်ကိုပဲ.အရေးပေးနေရတာလဲမေမေ
ပြီးတော့..နော်ပိုးရုံက.အရမ်းငယ်သေးတယ်
ဘာလို့ ..ဘာလို့များ''

''အို့.သားရယ်.သမီးလေးက
အရွယ်ရောက်နေပါပြီ.သားရှိုင်းကလည်း
လိမ်မာထက်မြက်တဲ့.သူတစ်ယောက်ပါ''

''မဖြစ်ဘူး.မေမေ..ကျတော်လုံးဝ
သဘောမတူနိုင်ဘူး.ဒါဆို.ကျတော်ကရော
ကျတော်နဲ့.နော်ပိုးရုံက.ဘားမှမတော်စပ်ဘူးလေ''

''သား''

ဒေါ်မျိုးပုလဲ..သက်ပြင်းကိုကြိတ်ချလိုက်၏
နားထင်ကို.လက်နဲ့ထောက်၍.အလိုမကျ
မျက်နှာဖြစ်နေသော.သားဖြစ်သူကို
သူမရင်လေးစွာ.ကြည့်မိသည်
သားစကားတွေထဲ...ဘာအရာကိုရည်ညွန်းမှန်း
သူမသိနေပါသည်
သို့ပေမယ့်.ဒီအရာကို.သူမဖြည့်ဆည်းပေးဖို့
မဖြစ်နိုင်ဘူးလေ


''မေမေပြောမယ်သား..
သမီးလေးကို.သားညီမလေးလို.သဘောထားပါကွယ်
တစ်ခြား.အရောင်တွေ.သားဘက်က.ဇွတ်မရော
လိုက်ပါနဲ့.သားနဲ့.သမီးက.လုံးဝ.လုံးဝ
မဖြစ်သင့်ဘူးသားရယ်''

''ဟား..မရဘူး.မေမေ..
ဒါလုံးဝ..မတရားဘူး...ကျတော်.ကျတော်
နော်ပိုးရုံကို.ချစ်တယ်.ဘာလို့.နော်ပိုးရုံနဲ့
ကျတော်က.မဖြစ်နိုင်ရတာလဲ''

''အို့သားရယ်.ဇွတ်တရွက်ဆန်လှခြည်လား
မေမေမှာဖြင့်..သားကို.ဒီလောက်ထိ
သမီးလေးအပေါ်...သဘောထားမရှိဘူးလို့
ထင်ထားတာ.....''
''မေမေတောင်းပန်ပါတယ် သားရယ်..
မေမေသားက.သမီးလေးကို.မေ့ပြစ်ပေးပါ''


''မေမေ့''

တန်ခိုးအသံတွေ.တုန်ရင်ကာအော်လိုက်၏
မေမေက..သူ့ကိုကြည့်၍.မျက်နှာပျက်ကာ
ငိူနေသည်..
သူ...မေမေဆန္ဒကို.လက်မခံနိုင်ပဲ.ခေါင်းသာ
အသွင်သွင်.ခုရမ်းကာ

🌷 ချစ်လူကြမ်း 🌷Where stories live. Discover now