ရွာလမ်းလေးကို.ချိုးကွေ့တော့..
ကန်ရေပြင်ကျယ်ကြီးတွေထဲ..ကျောက်
စရစ်လမ်းလေးတွေရယ်..ရှိနေ၏..
လမ်း၌..တစ်ဦးစ.နှစ်ဦးစသာ
တွေ့ရပြီး...အလုပ်ပြန်ချိန်မို့..ပခုံးထက်
ပေါက်တူးတွေထမ်းထား၏သူ.သူမလေးညွန်ပြသည့်.လမ်းအတိုင်း
ချိုးကွေ့၍...အိမ်လေးရှေ့..လမ်းမထက်
ကားကို..ထိုးရပ်လိုက်သည်''ဒီအိမ်လား..ရုံလေး''
''ဟူတ်ကဲ့.ကိုကို...ကားကို
အိမ်ထဲ..ထိုးလိုက်ပါလား..အနော်
တံခါးသွားဖွင့်ပေးမယ်''''နေနေ..ကိုယ့်ဖာသာ.ဖွင့်မယ်
တော်ကြာ..ယောက္ခထီးကြီးက
ရောက်ရောက်ချင်း.ခိုင်းစားတယ်လို့
ပြောနေအုံးမယ်''အနော်...ကိုကိုထံ..မျက်စောင်းလေး
ရွယ်မိ၏..
ကိုကိုက.အနော်ကို.ကားတံခါးဖွင့်ပေးကာ
ကိုကိုပါ.ကားပေါ်မှဆင်း၏.
လူဝင်ပေါက်တံခါးကို.တွန်းဖွင့်တော့
အိမ်ထဲမှ.ဒေါ်ဒေါ်က..ပြေးဆင်းလာသည်''ကား.ကားရပ်သံကြားလို့
ဘယ်သူများလဲ..မှတ်တယ်...တူမလေး
ပါလား..လာလာ.အိမ်ထဲ..ဝင်..
လူလေးက''ဒေါ်ဒေါ်က.အနော်ကို
ပြာပြာသလဲ.ကြိုကာ.အနော်ဘေးက
ကိုကို..ကိုမေးတော့..အနော်ဖြေရ
ခက်သွား၏..
သို့ပေမယ့်..မဖြေလို့လဲ.မရသည်မို့
ဒေါ်ဒေါ်နားနား..ကပ်ကာ''အမလေး..ဘုရား.ဘုရား...''
''ဒါ.ဒါ.အကိုသိရင်တော့''''အနော်.ရှင်းပြမှာပေါ့
ဒေါ်ဒေါ်ရဲ့..ဖေဖေရောဟင်''''အိမ်..အိမ်ထဲမှာ..''
ဒေါ်နှင်းနု..လန့်ထိတ်စွာ..ရင်ဘတ်ကို
ဖိ၍.ရင်တမမဖြစ်နေရ၏
တူမလေးက..ထိုလူလေးနဲ့.လက်ထပ်
လိုက်ပြီတဲ့လား..
အမလေး..တွေးတောင်မတွေးဖူးတဲ့
အခြေအနေပါ..
တူမလေးက.သိပ်ကိုငယ်သေး၍
အကို..ကတော့..ဘယ်လိုနေမှန်း.မသိပေမယ့်
သူမကတော့...သိပ်ကိုနှမျောမိသည်''ဒေါ်ဒေါ်..ဖေဖေက..ခုထိ
နေမကောင်းဖြစ်နေတုန်းလား''''ဟုတ်တယ်..တူမလေးရဲ့
အိမ်ထဲမှ.ခုဏက..ဆံပြုတ်လေး
မဝင်ဝင်အောင်.တိုက်ထားတယ်''