part-3

7.5K 129 0
                                    

''ဒါက..သမီးလေး.နေရမယ့်အခန်းပဲ
ကြိုက်ရဲ့လား..သမီးလေး.
ဟိုဘက်အခန်းမှာသမီး.ကိုကိုရှိတယ်
လိုအပ်တာ....ရှိရင်ပြောပေါ့..
ဘုရားခန်းဘေးက....မေမေမျိုးအခန်း.
သမီးလေးပျင်းရင်..လာလည်ပေါ့''

''ဟူတ်ကဲ့.မေမေမျိုး...
အနော်အခန်းလေးကို.ကြိုက်ပါတယ်
မေမေမျိုးအနော်ကြောင့်..ပင်ပန်းနေတော့မှာပဲ''

''အဟွန့်..မပင်ပန်းပါဘူးကွယ်..
မေမေမျိုးက....သမီးလေးကို...အရမ်းချစ်လို့
ကိုယ်တိုင်ပြင်ထားပေးပါ..အခန်းကိုလည်း
ပန်းရောင်ပဲ.သုံးပေးထားတယ်''

''ရှင်..ဟုတ်ကဲ့''

အနော်...မျက်နှာလေးပြုံးမိနေသည်
မေမေမျိုးက...အနော်လက်လေးကို
ကိုင်၍.နွေးထွေးလှသည်..
အနော်..မေမေတစ်ယောက်ရလိုက်သလိုပါပဲ.
အခန်းလေးက...သပ်သပ်ရပ်ရပ်လေးဖြစ်ပြီး
ပရိဘောက.အစုံပြီးပြည့်စုံ..လှသည်

''ကယ်ကယ်..နားအုံးသမီးလေး..
ခရီးပင်းလာတာဆိုတော့....ပိုပြီးနားရတယ်
ဒါနဲ့ဗိုက်ရောဆာပြီလား..
မေမေမျိုး..ဘာလုပ်ပေးခဲ့ရမလဲ.
သမီးလေးဘာကြိုက်လဲ''

''အနော်မဆာပါဘူး...မေမေမျိုး
ခဏနေမှ..စားမယ်လေ..''

''ရတယ်..ခဏနေရင်.မေမေမျိုး
တစ်ခုခု.လုပ်ပေးမယ်.ခုတော့
ရေချိုးပြီး.နားလိုက်တော့''

''ဟုတ်ကဲ့''

အနော်မေမေမျိုးကို.ခေါင်းလေးသာငြိမ့်ပြ
မိပြီး...မေမေမျိုးကတော့...အခန်းထဲမှ
ထွက်သွားသည်.
အနော်...ကုတင်လေးထက်.အသာထိုင်၍
နူ့ညံအိစက်သော...မွေ့ယာကြောင့်.သက်တောင့်သက်သာ
ဖြစ်သွားသည်
ကုတင်ပေါ်.ချထားသော.အဝတ်ထုတ်လေးကို
ဖြည်၍.. အလှဆင်ဗီရိုကြီးထဲ..အစီအရီ..ထည့်ထားလိုက်ပါသည်

^^^🌷🌷🌷^^^^^🌷🌷🌷^^^^^^🌷🌷🌷^^^

''သား..အိပ်နေပြီလား...
မေမေ..ဝင်လာခဲ့မယ်နော်''

''ရတယ်.မေမေ''

တန်ခိုးအသံပေးလိုက်သည်နှင့်မေမေကအခန်းထဲ
ဝင်လာသည်.
သူ..လက်တော့ကို.အသာပိတ်၍..
အိပ်ခန်းထဲက..ဆိုဖာပေါ် နေရာပြောင်းကာ
ဝင်ထိုင်လိုက်သည်

''မေမေ..ဘာပြောမလို့လဲဗျ''

''ဒီလိုလေ..မနက်ဖြန်..သမီးလေးကို
အပြင်လိုက်ပို့ပေးလိုက်ပါလား
နောက်အပတ်ထဲ ကျောင်းက.စတက်ရတော့မယ်
မြို့မှာဆိုတော့..သူများနဲ့နည်းတူဝတ်နိုင်ဖို့
လိုတယ်လေ...ဆေးကျောင်းဆိုတော့
ပိုဆိုးတာပေါ့.သားရယ်''

🌷 ချစ်လူကြမ်း 🌷Where stories live. Discover now