Chapter 12
အိမ်မပြန်မှီ ဖုယွမ်ကျိုးက ကျောင်းအနားမှစာရေးကိရိယာဆိုင်တစ်ဆိုင်ကိုသွားပြီး ကျောင်းသုံးစာအုပ်အနည်းငယ်ဝယ်ခဲ့သည်။ စာအုပ်ဆိုင်တွင်လည်း ကျောင်းသားအချို့က နှိပ်စက်ခံရသည့်ကြောင်များအကြောင်းကိုပြောနေခဲ့ကြ၏။ ကျောင်းသူလေးတစ်ယောက်က ကျောင်းအနားမှကြောင်အုပ်ကိုတွေ့ချင်သော်လည်း တွားသွားမှရပေမည်။ လူတစ်ယောက်ဒဏ်ရာရသွားပြီးသည့်နောက် ကြောင်အမေကြီးက အလွန်အကျွံသတိရှိနေပြီး ကြောင်ပေါက်လေးများနှင့်ထွက်ပြေးသွားတတ်၍ တစ်ကောင်ပင်မတွေ့ရတော့ပေ။
ဖုယွမ်ကျိုး စာအုပ်များကိုပိုက်ကာ ဆိုင်အပြင်ထွက်လာပြီး အငှားယာဥ်ခေါ်တော့မည့်အချိန်တွင် လမ်းဆုံနားမှ ခပ်သေးသေးလူတစ်ယောက်ထံပြေးသွားလိုက်ပြီး လက်ထဲမှစာအုပ်များပင် ပြုတ်ကျတော့မယောင်ဖြစ်သွားခဲ့သည်။
"....ရန်ရှူးထန်...?"
ဖုယွမ်ကျိုးမှာ ခပ်ချောချောမျက်နှာကိုတွေ့လိုက်ရ၍ အံ့အားသင့်သွားခဲ့သည်။ သူလည်း ရန်ရှူးထန်ကို သည်နေရာတွင်တွေ့ရလိမ့်မည်ဟုမျှော်လင့်မထားခဲ့ပေ။
ရန်ရှူးထန်ကလည်း လှည့်ကြည့်လာပြီး သူ့အား အေးဆေးစွာဖြင့်ခေါင်းညိတ်ပြလာသည်၊ ဖုယွမ်ကျိုးမျက်လုံးများက ရန်ရှူးထန်၏လက်ပေါ်ရောက်သွားခဲ့သည်။ ၎င်းက ကြောင်စာအိတ်တစ်အိတ်ကိုကိုင်ထား၍ နားလည်လွယ်မည့်မေးခွန်းတစ်ခုကိုမေးလာခဲ့သည်။
"မင်းဒီကိုကြောင်စာလာကျွေးတာလား..."
"ဒါပေမဲ့ တစ်ကောင်မှမရှိဘူး..."
ရန်ရှူးထန်က လမ်းကြားလေး၏ဟိုဘက်သည်ဘက်ကိုလှည့်ကြည့်သည်။
"ငါသူတို့ကိုရှာမတွေ့ဘူး...""ကြည့်ရတာ သူတို့အရမ်းလန့်သွားတော့ နောက်ထပ်နှစ်ရက်လောက်နေမှထွက်လာမယ်ထင်တယ်..."
သူကိုယ်တိုင်လည်း တိရစ္ဆာန်ငယ်လေးများကိုအနိုင့်ကျင့်တတ်သူဆိုလျှင် မုန်းတီးနေမိ၍ဖြစ်နိုင်သည်။ ဖုယွမ်ကျိုးက ရန်ရှူးထန်ကိုရှားရှားပါးပါးပြောလိုက်မိ၏။
YOU ARE READING
အိုမီဂါအဖြစ် မွေးဖွားလာပြီးနောက် အားလုံးက ငါ့ကိုလိုချင်နေကြတယ်
FantasyBL, Omegaverse story