Chapter 29

886 108 0
                                    

♎️Chapter 29

ပြန်လည် မွေးဖွားလာပြီးနောက် ဖုယွမ်ကျိုး ထိုမြင်ကွင်းကို သေချာမှတ်မိနေသည်။ သူ့အတွက် ယွမ်ယဲ့ကို မေ့နိုင်မည်မှာ မဖြစ်နိုင်ပေ။ သူ့ညီအစ်ကိုကောင်း ယွမ်ယဲ့ကို သူ ကျိန်းသေပေါက် သတိရနေမည်ဖြစ်သည်။ ထိုအချိန်က ယွမ်ယဲ့ သူ့ကို ဘာကြောင့် ထိုသို့ ပြောခဲ့သည်ကို သူ နားမလည်နိုင်ခဲ့ပေ။ 

သို့သော် နောက်ပိုင်း အဖြစ်အပျက် အများကြီး ဖြစ်သွားပြီးနောက် ဖုယွမ်ကျိုး ယွမ်ယဲ့ကို ဘယ်တော့မှ ပြောမပြတော့ပေ။ သူ အဆင်ပြေသည်ဟုသာ ယွမ်ယဲ့ကို အမြဲတမ်း ပြောပြခဲ့သည်။ ယွမ်ယဲ့၏ ကုသမှုကို သူ့ကြောင့် မနှောင့်နှေးစေချင်ဘဲ တရုတ်သို့ ပြန်မလာစေချင် သောကြောင့်ပင်။ ယွမ်ယဲ့ကို အားကစားကွင်းတွင် တောက်တောက်ပပပုံစံနှင့် ပြန်မြင်ရန် စောင့်နေခဲ့တုန်းပင်။ 

သူ့ကို ထိုသို့ မြင်ရန်အကြာကြီး စောင့်မနေချင်ပေ။ နောက်ပိုင်းတွင် သူ ရှန်းရှီကောနှင့် အတူနေခဲ့ပြီး ပြင်ပကမ္ဘာကြီးနှင့် အဆက်အသွယ် ဖြတ်ခဲ့ရသည်။ ယွမ်ယဲ့ သူ့ကို ရှာမတွေ့ပါက သူ့ကို စိုးရိမ်ပြီး တရုတ်သို့ ချက်ချင်း ပြန်လာမည်လားကို သူ သိချင်ခဲ့သည်။ 

ယခုအချိန်တွင်မူ ငယ်ရွယ်သော ယွမ်ယဲ့က သူ့ရှေ့တွင် ထိုင်ကာ အေးဆေးတည်ငြိမ်စွာ စကားပြောခဲ့သည်။ 

" အဲ့လူက သူ့ကိစ္စကို ပိုက်ဆံသုံးပြီး ဖြေရှင်းခဲ့တယ် ငါလည်း သူ့အတိုင်း ပြန်လုပ်ခဲ့တယ် ဒါပေမယ့် အဲ့ကိစ္စက အကျိုးသက်ရောက်မှု ရှိခဲ့တယ် ငါ ထျန်းချမ် အလယ်တန်းကျောင်းမှာ ဆက်မနေနိုင်တော့ဘူး အဲ့တော့ နံပါတ် ၁ အလယ်တန်းကျောင်းကို ပြောင်းလာခဲ့တယ် အဲ့ဒါက ပြသနာ မဟုတ်ပါဘူး ကောင်းတဲ့ အရာပဲလေ အဲ့ဒါကြောင့်ပဲ ငါ မင်းကို သိခွင့်ရခဲ့တာ..."

"ဟုတ်တယ် မင်း ငါ့ကို တွေ့ခဲ့ရတာ ကောင်းတဲ့အရာပဲ"

ဖုယွမ်ကျိုး သူ့လက်ကို ရုတ်တရက် ကိုင်လိုက်ပြီး လေးနက်စွာ ပြောလေသည် ။

" ငါ့ကို အစ်ကိုလို့ ခေါ်ခွင့် ပြုလိုက်တည်းက ငါ အနာဂါတ်မှာ မင်းကို ကာကွယ်ပေးမှာပါ မင်း တစ်ခုခု ကြုံတွေ့နေရပြီဆိုရင် ငါ ဘယ်ရောက်နေနေ ငါ့ကို ကျိန်းသေရှာပါ ငါ ကျိန်းသေ မင်းကို လာကူညီပါ့မယ် မင်း ငါ့ကို အဲ့လို ရှာရမယ့်နေ့ ရှိမလာဖို့တော့ ငါ မျှော်လင့်ပါတယ်"

အိုမီဂါအဖြစ် မွေးဖွားလာပြီးနောက် အားလုံးက ငါ့ကိုလိုချင်နေကြတယ်Where stories live. Discover now