Chapter 46

505 75 0
                                    

♎️Chapter 46

"ငါ အမှန်တိုင်းပြောမယ်.."

ရန်ရှူးထန်ပြောလာသည့်အခါ တုမန်က ကတ်တစ်ကတ်ကိုဆွဲပြီး စာဖတ်ပြလာသည်။

"နင်သဘောကျနေတဲ့လူရှိလား..ဘာလို့သူ့ကိုသဘောကျရတာလဲ..."

ထိုမေးခွန်းကို လူတိုင်းအာရုံစိုက်ထားကြသည်။ သူတို့စိတ်ထဲတွင် ရန်ရှူးထန်သဘောကျနေသူဟူ၍ မရှိခဲ့သော်လည်း ခဏအကြာတွင်သူတို့အားလုံးတောင့်တင်းသွားကြသည်။ အဘယ်ကြောင့်ဆိုသော် ရန်ရှူးထန်၏နီမြန်းနေသောမျက်နှာက သူသဘောကျသည့်လူတစ်ယောက်ရှိနေကြောင်း ရှင်းရှင်းလင်းလင်းသိသာနေ၍ပင်။

ဘယ်သူပါလိမ့်။

ရုတ်တရက်ကြီး လေထုကလှုပ်ခတ်သွားခဲ့သည်၊၊ ဖုယွမ်ကျိုး ဝှစ်ကနဲထရပ်လိုက်ပြီး လူတိုင်းကိုမေးလိုက်၏။

"မင်းတို့ဘာသောက်ချင်လဲ...ငါသွားယူပေးမယ်.."

သူရေလိုက်ငါးလိုက်ပြုမူနေသော်လည်း နောက်လှည့်မကြည့်ရဲပေ၊၊ ရန်ရှူးထန်အသံက တိုးသည့်တိုင် သူ့နားထဲကိုမူတန်းတန်းကြီးဝင်လာခဲ့သည်။

"အင်း..."

"ငါသူ့ကိုသဘောကျတာက...သူကငါတမ်းတရတဲ့သူမလို့..."

ရန်ရှူးထန်တမ်းတနေရတဲ့သူ။

ထိုအဖြေကြောင့် သူ ရန်ရှူးထန်ကို လှည့်ကြည့်မိမလိုဖြစ်သွားသော်လည်း ကံကောင်း၍လှည့်မကြည့်မိလိုက်ပေ။

ဂိမ်းကစားနေသူတိုင်း ရန်ရှူးထန်တမ်းတနေရသူ၏စွမ်းပကားကြောင့် အော်ဟစ်လိုက်ကြသည်။ ဖုယွမ်ကျိုး ရေခဲသေတ္တာထဲမှသောက်စရာအချို့ကိုထုတ်လိုက်ပြီး စိတ်ထဲမှနေ၍ ပြောလိုက်၏။ ငါတကယ်တောင်းပန်ပါတယ်ကွာ...ရန်ရှူးထန်တမ်းတနေရသူက တကယ့်ကိုနလပိန်းတုံးကောင်...အနည်းဆုံးတော့ သူအခုနလပိန်းတုံးဖြစ်နေပြီ။

လူတိုင်း၏အကြည့်အောက်တွင် ရန်ရှူးထန်က စကားကိုရှေ့ဆက်ရန်ငြင်းပယ်လိုက်ပြီး ဖုယွမ်ကျိုးကိုလှမ်းကြည့်မိလိုက်သည်။

သူတို့နှစ်ယောက်လုံးက သေမျိုးရန်သူများသာ။ လွန်ခဲ့သည့်နှစ်ရက်ကအထိ ဖုယွမ်ကျိုးသည်ရန်ရှူးထန်နှင့်သူငယ်ချင်းလုပ်ချင်ခဲ့သော်လည်း လူတိုင်းကမယုံကြည်ခဲ့ကြပေ။ထို့ကြောင့် ယခုတွင် ဖုယွမ်ကျိုးက ရန်ရှူးထန်ကို ဖိအားပေး၍ သူသဘောကျနေသည့်လူအကြောင်း  အတင်းအကျပ်ပြောခိုင်းလိမ့်မည်ဟုမျှော်လင့်ထားခဲ့ကြသည်။

အိုမီဂါအဖြစ် မွေးဖွားလာပြီးနောက် အားလုံးက ငါ့ကိုလိုချင်နေကြတယ်Where stories live. Discover now