Chapter - 26 [ သင်ခန်းစာပေးခြင်း]

845 92 0
                                    

Chapter - 26 [ သင်ခန်းစာပေးခြင်း]

#unicode

ချူကျင်းဇီက ပြုံးလိုက်ပြီး "အမှန်အတိုင်းပြောရရင် ကျွန်မကတောင်တွေရဲ့မြေပြင်အနေအထားကို မှတ်တမ်းတင်ထားတဲ့စာအုပ်တွေဖတ်ဖူးတယ်။ ကျွန်မ ရေအရင်းအမြစ်ကို စာအုပ်ထဲက အချက်အလက်တွေအတိုင်းရှာတွေ့ခဲ့တာ"

ချူအာ့ရဲ့မျက်လုံးလေးတွေက အားကျမှုကြောင့်တောက်ပလာခဲ့သည်။ "ဗဟုသုတရှိခြင်းက အမှန်ကိုကောင်းတဲ့အရာပဲ"

ချူကျင်းဇီက သူမ၏လက်ကိုကိုင်ကာ "ဒုတိယအစ်မ စာဖတ်တာကိုသင်ချင်ရင် ညီမလေးသင်ပေးလို့ရပါတယ်"

"အစ်မက အသက်ကြီးနေပါပြီ စာသင်ဖို့မသင့်တော်တော့ဘူး"

"စာသင်ဖို့ အရမ်းမနောက်ကျသေးပါဘူး...ညကျရင်အစ်မရဲ့နာမည်ကိုဘယ်လိုရေးရမလဲဆိုတာသင်ပေးမယ်"

"ကောင်းပြီ"

အခြားသူတွေက ထိုညီအစ်မရဲ့စကားကိုကြားလိုက်ကြသောအခါ တိတ်တိတ်လေး အားကျသွားကြသည်။ သူတို့လည်း စာသင်ချင်ကြပါသည်။

ဤအချိန်ကာလမှာ စာသင်ခြင်းဆိုတာ မြင့်မြင့်သူတွေရဲ့အလုပ်သာဖြစ်သည်။

ထိုအချိန်မှာပဲ တစ်ယောက်ကအော်လိုက်သည် "ရေတွေ....ရေတွေရှိတယ်...!!!"

ထန်ကျင်းဟုန်တူးလိုက်သည့် တစ်မီတာခန့်တွင်းလေးထဲမှထွက်လာခြင်းဖြစ်သည်။  သူတို့က ထိုမြင်ကွင်းကိုမြင်လိုက်သောအခါ ချူကျင်းဇီအား လေးစားသွားကြသည်။ သူမက စာရေးတတ် ဖတ်တတ်ယုံတင်မကဘဲ သူမသင်ယူခဲ့တာကိုလည်း ပြန်အသုံးချနိုင်တယ်။ သူတို့ကအခုဆို ရေအရင်းအမြစ်ကိုရှာတွေ့သွားကြပြီ သူတို့ရွာမှာ အခက်အခဲတွေမရှိတော့ဘူး။

ထိုသို့တွေးနေရင်း တချိန်တည်းမှာပဲ လူအများစုက အပြစ်ရှိစိတ်ကိုခံစားလိုက်ရသည်။ သူတို့ဟာ ခုနကလေးတင်မှ သူမဆီကနေ ရေခဲလုပ်နည်းအား အတင်းအဓမ္မတောင်းယူနေခဲ့ကြတာဖြစ်သည်။

သူတို့မှားတယ်...အရမ်းမှားတယ်.....သူတို့နောက်ထပ် ဒီလိုထပ်လုပ်မှာမဟုတ်တော့ဘူး.....

ရွာသူကြီးကလည်း အံ့ဩသွားခဲ့သည်။ "ဒါကမြစ်လက်တက်တစ်ခုဖြစ်မယ်ထင်တယ်" အရမ်းအရည်အချင်းရှိတဲ့ ရေအရင်းအမြစ်ရှာဖွေသူတွေတောင် ဒီလိုမြစ်လက်တက်တစ်ခုကိုရှာတွေ့မှာမဟုတ်ဘူး....ချူကျင်းဇီက တစ်ကယ်အရည်အချင်းရှိတာပဲ.....

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1Où les histoires vivent. Découvrez maintenant