သို့/ချစ်ရပါသောကောင်းဆိုးလေး

649 2 0
                                    

"ခွပ်"

"ဆွဲကြပါဦးဟ၊တားလိုက်ကြပါဦး၊ငါ့ရဲ့ဆိုင်လေးတော့အရင်းပြုတ်တော့မှာဘဲအေ"

ဆိုင်ရှင်အဒေါ်ကြီးရဲ့အော်ဟစ်အကူညီတောင်းသံနဲ့အတူရန်ပွဲကလည်းအချိန်အဟုန်မြင့်လို့နေသည်

တစ်ဖက်နဲ့တစ်ဖက်ထိုးကြိတ်ကြရင်းဆိုင်ထဲရှိစားပွဲနဲ့ထိုင်ခုံတွေလည်းခင်းကျဉ်းထားတဲ့အတိုင်းသပ်သပ်ရပ်ရပ်မဟုတ်တော့၊လဲကျတာကလဲကျ၊ခြေကျိုးတာကကျိုးနဲ့၊စားပွဲပေါ်တင်ထားတဲ့ရေနွေးပန်ကန်လုံး၊‌ဓာတ်ဗူးတွေကလည်းမြေကြီးပေါ်
ပြန့်ကျဲလို့၊ပန်းကန်ကွဲစများကလည်းနေရာအနှံ့မှာကျနေသည်

ရန်ဖြစ်သူများကအပျက်စီး‌များကိုဂရုမစိုက်ဘဲသူသေကိုယ်သေကိုချနေကြတော့တယ်၊ဘယ်သူတွေလည်းကတော့သွားမကြည့်တောင်သိရပါသည်၊ရပ်ကွက်ထဲရန်မဖြစ်လိုက်နဲ့ဖြစ်လိုက်တာနဲ့သူဆိုတာအားလုံးသိကြတယ်၊တစ်ဖက်လူကသာပြောင်းချင်ပြောင်းမယ်သူကတော့မပြောင်းပါဘူး

ထိုသူကတော့တစ်ရပ်ကွက်လုံးရဲ့ချဉ်ဖတ်ရန်နိုင်ဦးပါဘဲ

ရန်ပွဲကအချိန်မြင့်လာတာနဲ့အမျှဆိုင်ထဲကပစ္စည်းတွေကလည်းအကောင်းတိုင်းမကျန်တော့ပါဘူး၊ဆိုင်ရှင်အဒေါ်ကြီးရဲ့အကူညီတောင်းသံကိုကြားနေရပေမယ့်ဘယ်သူ့မှဝင်မဆွဲရဲ၊မတားရဲပါ

တားမိတဲ့သူပါအခြေနေမကောင်းရင်ရောရောင်ထိုးကြိတ်ခံရနိုင်တာမို့သူတို့ရန်ဖြစ်ရင်ဝေးဝေးကသာရှောင်ကြတယ်

"ဟေ့ကောင်တွေရပ်ကြစမ်း"

ရပ်လူကြီးဦးထွန်းရဲ့အသံပါဝါကောင်းကောင်းနဲ့အော်သံကိုကြားလိုက်သာနဲ့အကုန်လုံးကထိုးကြိတ်နေတာရပ်သွားကြပေမယ့်

ရန်နိုင်ဦးကတော့တစ်ချက်သာလှည့်ကြည့်လို့ရှေ့ကကောင်ရဲ့မျက်ခွက်ကိုအားပါပါတစ်ချက်ထိုးချလိုက်သည်

ထို့နောက်မှာတော့နှုတ်ခမ်းစပ်ကပေါက်သွားလို့ထွက်လာတဲ့သွေးကိုလက်မနဲ့တစ်ချက်ပွတ်သုတ်လိုက်ပြီး၊ဘယ်သူ့ကိုမှဂရုမစိုက်တဲ့စတိုလ်နဲ့မိုက်ကြည့်ကြည့်‌နေသည်

"မင်းတို့အကုန်လုံးရပ်ကွက်ရုံးလိုက်ခဲ့ကြ"

ရပ်ကွက်လူကြီးရဲ့နောက်ကလိုက်ပါသွားတဲ့လူငယ်တစ်စုကိုအိမ်ဝရံတာက‌နေကြည့်ရင်း

သို့/ချစ်ရပါသောကောင်ဆိုးလေးWhere stories live. Discover now