ရန်နိုင်ဦးတို့ ဝပ်လျှော့ဆိုင်လေးက အသစ်ဖွင့်တာဆိုပေမယ့်လာပြင်တဲ့သူ များသည်၊ဖြိုးညီရဲ့ အပိုပစ္စည်းဆိုင်လေးကလည်း ရောင်းအား မဆိုးဘူး ပြောရမည်၊ဒီနေ့တော့ ရန်နိုင်ဦးက ဆိုင်ဖွင့်ရန် အလှည့်ကျတာမို့ တခြားသူများထက်စောကာ ရောက်နှင့်နေသည်၊ ရဲလွင်ဦးနဲ့မျိုးလှိုင်ဝင်းနှစ်ယောက်သာ ဒီမှာညအိပ်နေသည်၊ ခုထိအိပ်ယာထသေးပုံမရ။
"မောင်လေး အစ်မရဲ့ဆိုင်ကယ် ဘီးပေါက်သွားလို့"
"ဟုတ်ကဲ့အစ်မ ဆိုင်ကယ်လေးဒီမှာထားခဲ့လိုက်နော်"
"အစ်မရော ဒီမှာထိုင်စောင့်နေလို့ရလား"
"အရေးကြီး သွားစရာ ရှိလို့လားဗျ"
"ဟုတ်တယ်မောင်လေး"
"အဲ့ဒါဆိုရင်တော့ အစ်မဆိုင်ကယ်ကို အရင်ပြင်ပေးလိုက်ပါ့မယ်"
ရန်နိုင်ဦးလည်း ထိုအစ်မပုံကြည့်ရတာ တကယ်အရေးကြီးနေပုံ ရတာကြောင့် ပြင်လက်စအစီးကို ခဏထားခါ ထိုအခါဆိုင်ကယ်ကို ကျွတ်အရင်လဲပေးလိုက်သည်၊ထိုအစ်မကတော့ ထိုင်ခုံလေးပေါ်မှာ ထိုင်စောင့်နေသည်၊ဝတ်ထားတဲ့ပုံလေးကလည်း ရိုးရိုးယဉ်ယဉ်လေးပါဘဲ၊အသက်ကတော့ရန်နိုင်ဦးတို့ထက် လေး၊ငါးနှစ်လောက်တော့ကြီးမယ်ထင်တယ်။
ဆိုင်ကယ်ကျွတ်လဲတာက အချိန်အကြာကြီးပေးစရာ
မလိုတာကြောင့် ကျွတ်လဲခြင်းက ခဏနဲ့ပြီးသွားသည်။"အစ်မ ပြီးသွားပြီဗျ"
"ပြင်ပြီးပြီလား၊ မြန်လိုက်တာကွယ်၊ဘယ်လောက်ကျလဲ မောင်လေး"
"၃၀၀၀ပါအမ၊ကျွတ်ဖိုးကနှစ်ထောင်၊ လက်ခက၁၀၀၀ပါဗျ"
"ဈေးလည်း တစ်ခြားဆိုင်ထက်သက်သာ သာဘဲ၊ဒီမှာမောင်လေး ပိုက်ဆံ"
ထိုအစ်မက ၅၀၀၀တန်ပေးလာတာကြောင့် ရန်နိုင်ဦးက တစ်ဖက်ရှိ ပိုက်ဆံပုံးထဲကနေ အမ်းရန်ငွေယူလိုက်သည်။
"အစ်မ ဒီမှာအမ်းငွေပါဗျ"
ပြန်အမ်းငွေပေးရန် ထိုအမရှိရာဘက် လှည့်လိုက်ချိန်
ရန်နိုင်ဦးရဲ့ရင်ခွင်ထဲ ခွေကျလာသူကြောင့် သူ့မှာအယောင်ယောင်အမှားမှားနဲ့ လှမ်းထိန်းပေးလိုက်ရသည်။
YOU ARE READING
သို့/ချစ်ရပါသောကောင်ဆိုးလေး
Fantasyဆိုးပေလွန်းလို့တစ်ရပ်ကွက်လုံးကချဉ်ဖတ်လို့သတ်မှတ်ထားတဲ့ကောင်လေးနဲ့မိဘရဲ့အုပ်ထိန်းမှုအောက်ကနေမလွှတ်မြှောက်နိုင်တဲ့ကောင်လေး၊သူတို့နှစ်ယောက်ရဲ့သူငယ်ချင်းသံယောဇဉ်ကနေဖြစ်ပေါ်လာမယ့်အချစ်ဇာတ်လမ်းလေးကိုလိုက်ပါဖတ်ရှုခံစားပေးကြပါဦး 1.8.2024