သို့/ချစ်ရပါသောကောင်ဆိုးလေး(၁၈)

53 1 1
                                    

ဒီနေ့ဆိုရန်နိုင်ဦးဆေးရုံကဆင်းတာတစ်ပတ်ပြည့်ပြီ၊ပတ်တီးတော့မဖြေရသေး၊ဆေးရုံမှာတုန်းကအိမ်ကနေအပြင်သွားတဲ့ပုံနဲ့သွားတွေ့လို့ရသည်၊အခုကကိုယ့်အိမ်နဲ့သူ့အိမ်ကနီးလွန်းတာကြောင့်ရဝေထိုအိမ်ထဲသွားတာနဲ့မေမေကသိမှာသေချာသည်၊မနက်ကတည်းကမေမေ့အလစ်ကိုစောင့်နေတာမေမေကခုထိဆိုင်လည်းမသွားတော့ရဝေမှာအကြံအိုက်နေရတော့သည်

ခုရက်ပိုင်းအတွင်းတော့ရဝေနဲ့မေမေကပြန်အစဉ်ပြေသွားကြပြီဖြစ်သည်၊ဒါပေမယ့်မေမေကအရင်ကထက်ပိုပြီးရဝေကိုသေချာစောင့်ကြည့်နေတက်သည်၊ရဝေနဲ့ရန်နိုင်ဦးတို့အကြောင်းကိုသိသွားလို့လားထင်မိပေမယ့်မဟုတ်လောက်ပါ၊မေမေသာသိရင်ဒီလိုငြိမ်မနေလောက်၊ဒါပေမယ့်သေချာမပြောရဲ့သိသွားတာလည်းဖြစ်နိုင်သည်

သိသွားခဲ့ရင်လည်းရဝေမကြောက်ပါ၊ရန်နိုင်ဦးနဲ့နှစ်ယောက်အတူရင်ဆိုင်နိုင်မယ်ဆိုတာယုံကြည်သည်၊ရန်နိုင်ဦးလည်းရဝေကိုယုံကြည်ပေးမှာအသေချာပါဘဲ

ပြတင်းပေါက်မှာထိုင်ရင်းအတွေးများနေတဲ့ရဝေတစ်ယောက်အိမ်ထဲကနေသူ့အမေကားထွက်သွားတာကိုမြင်လိုက်တာနဲ့တပြိုင်နက်အိမ်အောက်ကိုအပြေးဆင်းလာခဲ့သည်

"ဒါကဘယ်သွားမလို့လဲသား"

"ဟင်..ခြံထဲဆင်းမလို့ပါမေမေ"

မေမေ့ကားအပြင်ထွက်သွားတာရဝေသေချာမြင်လိုက်ပါတယ်၊ဘာလို့မေမေကအိမ်မှာရှိနေရသေးတာလဲ၊မေ့မေ့ကိုမြင်တော့ယုတ်တရက်လန့်သွားမိပေမယ့်စိတ်ကိုငြိမ်ငြိမ်ထားပြီးလိမ်လိုက်နိုင်လို့တော်ပါသေးသည်

"နေပူနေတာခြံထဲဘာသွားလုပ်မလို့လဲ"

မေမေကရဝေ့ကိုတရားခံရှာသလိုသေသေချာချာကိုကြည့်ခါမေးလာတာကြောင့်ရဝေလန့်သွားရသည်

"ပျင်းတာနဲ့လမ်းဆင်းလျှောက်မလို့ပါ"

"ပျင်းတာများလမ်းလျှောက်မနေပါနဲ့၊မေမေနဲ့စကားပြောကြရအောင်လေ၊လာထိုင်ပါ"

"ဟုတ်"

မေမေ့ပုံစံကအခါတိုင်းနဲ့မတူထူးဆန်းနေတာတော့သေချာသည်၊အဖြစ်နိုင်ဆုံးကတော့ရဝေတို့အကြောင်းကိုသိသွားပြီဆိုတာသေချာသည်၊ဒါပေမယ့်‌‌ဖြေရှင်းဖို့အကောင်းဆုံးနည်းမရှိသေးသ၍တော့အတက်နိုင်ဆုံးလိမ်နေရဦးမှာဘဲ

သို့/ချစ်ရပါသောကောင်ဆိုးလေးWhere stories live. Discover now