သို့/ချစ်ရပါသောကောင်ဆိုးလေး(၂၁)

195 10 1
                                    

ဘွဲ့မရခင် အလုပ်အားနေတဲ့ ရဝေက ဒီရက်အတောအတွင်း ရန်နိုင်ဦးတို့ဆိုင်ကို နေ့တိုင်းသွားသည်။ဆိုင်ရှေ့ဖြတ်သမျှ ဈေးသယ်ခေါ်ကာ ဝယ်စားသည်၊ပျင်းရင် ရန်နိုင်ဦးကိုအလုပ်ရှုပ်သည်။ဒါနဲ့ဘဲအချိန်တွေ ကုန်လာလိုက်တာ နောက်တစ်ပတ်ထဲဆို ရဝေကဘွဲ့ယူရတော့မည်။

ဒီနေ့ ရန်နိုင်ဦး အားတဲ့အချိန် ရဝေဘွဲ့ယူရင်ဝတ်ရအောင် အဝတ်စားသွားဝယ်ကြမှာဖြစ်သည်။ရန်နိုင်ဦးက ရ‌ဝေဘွဲ့ယူရင် ဝတ်ဖို့သူဝယ်ပေးချင်ပါတယ်တဲ့လေ၊အဲ့တော့ ရဝေတို့နှစ်ယောက်အတွက် ဆင်တူလေးဝယ်ဖို့စဉ်းစားထားသည်။

ဘွဲ့ယူတဲ့နေ့ ရန်နိုင်ဦးကိုပါဖိတ်ချင်ကြောင်း ဖေဖေ့ရှေ့မှာတင် မေမေ့ဆီကခွင့်တောင်းလိုက်သည်။ရဝေကို သူငယ်ချင်းအပေါင်းသင်း ရှိစေချင်တဲ့ ဖေဖေက ချက်ချင်းသဘောတူလက်ခံသည်၊ဖေဖေက ရန်နိုင်ဦးတို့သူငယ်ချင်းတွေ စုပေါင်းပြီး ဝပ်လျှော့ဆိုင်ဖွင့်နိုင်တာကိုလည်း ချီးကျူးနေသေးသည။မေမေက ရဝေနဲ့ရန်နိုင်ဦးအကြောင်းကို ဖေဖေ့ကိုတော့ ပြောပြထားပုံမရပါ၊ဖေဖေလည်း ထိုအကြောင်းသာသိရင်ဘယ်လို ဖြစ်သွားမလဲ၊မေမေထက် ဆိုးတဲ့အခြေအနေတွေနဲ့များရင်ဆိုင်ရမလားမသိပါ။မေမေကတော့ မျက်နှာမသာမယာနဲ့သာ ရန်နိုင်ဦးကိုဖိတ်ဖို့ လက်ခံပေးရသည်။
ဒါပေမယ့် မေမေဘက်ကလည်း ရဝေစိတ်မသက်မသာဖြစ်အောင် အပြန်အလှန်အနေနဲ့ ဟေမာကိုပါ ရဝေရဲ့ဘွဲ့ယူဖိတ်ထားသတဲ့လေ။

ဟေမာနဲ့ကိစ္စက ထိုကောင်မလေး အမေ့ကိုတိုင်လိုက်ရင်
ရဝေနဲ့မေမေ စကားများပြီး သူမကိစ္စ ဖြေရှင်းပြီးသွားမယ်ထင်ခဲ့ပေမယ့် ထိုသို့ဖြစ်မလာ။သူမက ရန်နိုင်ဦးတို့ ဝပ်လျှော့ဆိုင်ကနေ ပြန်သွားပေမယ့် မေမေဆီသွားတာမဟုတ်ဘဲ သူမအိမ်ကိုသာပြန်သွားသည်တဲ့။နောက်ပြီး မေမေဆီကိုဖုန်းဆက်လို့ ရဝေကဘယ်လိုဂရုစိုက်ကြောင်း၊ သူမစားချင်တာတွေလည်း ဝယ်ကျွေးကြောင်းပြောပြသေးသည်တဲ့၊ထိုနေ့က ရဝေအိမ်ပြန်တော့ မေမေက ရဝေကိုတောင် ဒီနေ့လုပ်လိုက်တာ မှန်ကန်ကြောင်း
ပြောလာသေးသည်။

‌နောက်ရက်တွေမှာလည်း သူမက ရဝေတို့အိမ်ဆီ ခဏခဏရောက်လာတက်သည်။ ရဝေတစ်ရက်တော့သူမကို မေ‌မေ့ဆီဘာလို့မတိုင်သလဲ မေးကြည့်တော့
သူမက ရဝေအကွက်ထဲမဝင်နိုင်ဘူးတဲ့လေ၊ရဝေနဲ့ရန်နိုင်ဦးကိုတောင် ရအောင်ခွဲပါဦးမည်တဲ့။ဒါပေမယ့် ရဝေကတော့ သူမစကားတွေကို အပြုံးလေးနဲ့သာ နားထောင်ပေးလိုက်ပါသည်၊သူမကရဝေတို့အတွက် မပြောပလောက်တဲ့ အတားဆီးလေးသာဖြစ်သည်။

သို့/ချစ်ရပါသောကောင်ဆိုးလေးWhere stories live. Discover now