ရန်နိုင်ဦးတို့နှစ်ယောက်ငယ်ငယ်ကတက်ခဲ့တဲ့အ.ထ.က(၃)
ကျောင်ရှေ့မှာရပ်နေကြသည်၊ငယ်ငယ်ကကျောင်းအုပ်ဆရာမကြီးကပင်စင်ယူပြီးမွေးရပ်မြေကိုပြန်တော့မယ့်သတင်းကြားတာကြောင့်ဆရာမကြီးကိုလာကန်တော့နှုတ်ဆက်ရင်းငယ်ဘဝအမှတ်တရာတွေရှိခဲ့တဲ့ကျောင်းကြီးဆီလာရောက်လည်ပတ်ကြခြင်းဖြစ်သည်"လာလေကျောင်းထဲဝင်ကြမယ်"
ရန်နိုင်ဦးကပြောလည်းပြောကျောင်းတံခါးပေါက်အသေးလေးကိုပါဖွင့်လို့ရှေ့ကဝင်လိုက်သည်၊ရဝေလွင်ကတော့နောက်ကနေကန်တော့စရာပစ္စည်းအဝဝကိုကိုင်လို့လိုက်ဝင်သည်၊ကျောင်းပိတ်ရက်မို့ငှက်အော်သံမှလွဲဘာသံမှမကြားရတိတ်ဆိတ်နေသည်၊
စာသင်ဆောင်တွေကိုဖြတ်လို့ဆရာမကြီးနေတဲ့ကျောင်းနောက်ဘက်ကဆရာ၊ဆရာမတွေရဲ့အဆောင်ခန်းတွေဆီလျှောက်လာခဲ့ကြသည်၊နှစ်ယောက်သားစကားတစ်ခွန်းမှမပြောဖြစ်ကြဘဲကိုယ်ဆီကျောင်းတော်ကြီးမှအမှတ်တရတွေကိုပုံဖော်သတိရနေကြသည်
"ဆရာမကြီး"
ရဝေလွင်ရဲ့ခေါ်သံကြားတော့ဆရာမကြီးကအခန်းတံခါးဖွင့်ကာထွက်လာသည်
"အော်ကျောင်းသားဟောင်းတွေလား၊ဝင်ကြလေကွယ်၊ဆရာမကလည်းကျောင်းသားတွေကများတော့သေချာမမှတ်မိဘူးကွဲ့"
"ကျွန်တော်ကရဝေလွင်ပါဗျ၊သူကတော့ရန်နိုင်ဦးပါဗျ"
ရဝေလွင်ကကိုယ့်ကိုကိုမိတ်ဆက်ပေးရင်းရန်နိုင်ဦးကိုပါမိတ်ဆက်ပေးလိုက်သည်၊ဆရာမကြီးကခေါင်းတငြိမ့်ငြိမ့်လုပ်ကာခပ်ပြုံးပြုံးကြည့်နေသည်
"အော် မှတ်မိပြီကွဲ့၊သားကအဆင့်၁ကျောင်းသားလေးမဟုတ်လားကွဲ့၊ဆယ်တန်းနှစ်ကငါးဘာသာဂုဏ်ထူးပါတဲ့ကလေးဘဲ"
"ဟုတ်တယ်ဗျ"
ရဝေလွင်ကလည်းဟုတ်မှန်ကြောင်းပြောလိုက်သည်
"ဒီကလေးကိုလည်းမှတ်မိပါတယ်ကွယ်၊ဆရာမရုံခန်းကိုသူ့အိမ်လိုခဏတိုင်းရောက်ရောက်လာတဲ့သူလေးဘဲ၊ဟုတ်သလားကွဲ့.."
ဆရာမကြီးကရန်နိုင်ဦးကိုကြည့်ခါခပ်ပြုံးပြုံးပြောလို့သဘောကျနေသည်၊ရန်နိုင်ဦးကလည်းရန်ဖြစ်တုန်းကဖြစ်ပြီးအခုမှရှက်နေလိုက်တာမျက်နှာတောင်ရဲနေပြီ
YOU ARE READING
သို့/ချစ်ရပါသောကောင်ဆိုးလေး
Fantasyဆိုးပေလွန်းလို့တစ်ရပ်ကွက်လုံးကချဉ်ဖတ်လို့သတ်မှတ်ထားတဲ့ကောင်လေးနဲ့မိဘရဲ့အုပ်ထိန်းမှုအောက်ကနေမလွှတ်မြှောက်နိုင်တဲ့ကောင်လေး၊သူတို့နှစ်ယောက်ရဲ့သူငယ်ချင်းသံယောဇဉ်ကနေဖြစ်ပေါ်လာမယ့်အချစ်ဇာတ်လမ်းလေးကိုလိုက်ပါဖတ်ရှုခံစားပေးကြပါဦး 1.8.2024