သို့/ချစ်ရပါသောကောင်ဆိုးလေး(၂၆)

367 17 0
                                    

စိန်ပန်းပင်ကြီးအောက် မျက်နှာ၌ အပြုံးတို့ ပျောက်ဆုံးခါ ဝမ်းနည်းရိပ်တို့နဲ့ ထိုင်နေတဲ့ကောင်လေးတစ်ယောက်၊ ဒီစိန်ပန်းပင်ကြီးအောက်မှာဘဲ စိန်ပန်းပြာတစ်ပွင့်နဲ့ ချစ်ရသူအလာကို ရင်ခုန်ပျော်ရွှင်စွာ စောင့်နေခဲ့ဖူးသလို ၊အခုတော့လည်း ချစ်ရသူလာမှာကို ကြေကွဲစွာစောင့်နေရပြန်သည်။

တစ်ချိန်က ဒီအပင်ကြီးအောက်မှာဘဲ ပျော်ရွှင်ခဲ့ရဖူးသလို မကြာခင်မှာဘဲ ဒီအပင်ကြီးအောက်၌ ဝမ်းနည်းကြေကွဲရပြန်ဦးမည်။

သူထိုင်နေတဲ့နေရာနဲ့ မလှမ်းမကမ်းမှာဘဲ ကားတစ်စီးရပ်လိုက်တာကြောင့် ရန်နိုင်ဦး အမြန်ပင်ထရပ်လိုက်မိသည်။

ကားရပ်ပြီးတာနဲ့ မကြာခင်မှာဘဲ သူစောင့်နေတဲ့ သူသိပ်ချစ်ရတဲ့ ရဝေလွင်တစ်ယောက် ကားပေါ်မှ အမြန်ဆင်းလာခါ သူ့ရင်ခွင်ထဲသို့ အရှိန်နဲ့ပြေးဝင်လာသည်။တင်းကျပ်စွာ ဖက်လာတဲ့ ရဝေလွင်အား ရန်နိုင်ဦးလည်း
တင်းတင်းကျပ်ကျပ်ပြန်လည် ထွေးဖက်ထားလိုက်မိသည်။

"မင့်ကို လွမ်းနေတာ၊ အရမ်းလည်းတွေ့ချင်နေတာ ၊ပြီးတော့တိုင်စရာတွေလည်း အများကြီးရှိတယ်"

ရင်ခွင်ထဲကနေ လွမ်းကြောင်းတွေပြောနေရင်း တိုင်စရာတွေအများကြီးရှိတယ်ဆိုတဲ့ ကလေးဆန်ဆန်စကားကြောင့် ရန်နိုင်ဦးမှာ ဝမ်းနည်းနေတဲ့ကြားကနေ ပြုံးမိပါသေးသည်။ငယ်ငယ်ကတည်းကအိမ်မှာ အဆူခံလာရတိုင်း ရန်နိုင်ဦးဆီ လာတိုင်တက်တဲ့ အကျင့်လေးက အခုထိမပျောက်သေး။

"ပြောပါဦး ဘယ်သူက ဆူလိုက်ပြန်ပြီလဲ"

ထွေးဖက်ထားရမှ ဖယ်ခွာလိုက်ခါ မျက်နှာချင်းဆိုင်ကြည့်ပြီး မေးလိုက်တော့ နှုတ်ခမ်းလေးဆူခါ တိုင်းတန်းရန်အစဉ်သင့် ဖြစ်နေတဲ့ ရဝေလွင်

"မေမေက မင့်နဲ့ အဆက်သွယ်မဖြတ်ရင် ငါ့ကိုကျောင်းဆရာ မလုပ်နဲ့တော့တဲ့၊အိမ်ထဲမှာဘဲ ပိတ်ထားမယ်တဲ့၊ပြီးတော့ ငါကပြန်ပြောလို့ဆိုပြီး ငါ့ပါးကိုလည်းရိုက်တယ်"

ပါးကိုရိုက်တယ်ဆိုတာကြောင့် ရန်နိုင်ဦးမှာ ရှေ့ကကောင်လေးကို အလွန်ပင်စိတ်ပူသွားရသည်။ထို့နောက် ပါးလေးနှစ်ဖက်ကို ဖွဖွလေးကိုင်ခါ

သို့/ချစ်ရပါသောကောင်ဆိုးလေးWhere stories live. Discover now