သို့/ချစ်ရပါသောကောင်ဆိုးလေး(၂၄)

229 7 1
                                    

"မေမေနဲ့အမေဝင်းက ချစ်သူတွေဖြစ်ခဲ့ကြတယ်"

ရဝေတအံ့တဩမေးလိုက်တော့ တီနုက ဟုတ်ကြောင်းခေါင်းငြိမ့်ပြလာသည်။

"ဟုတ်တယ်၊ဝေနဲ့မိုးမိုးက သိပ်ချစ်ကြတဲ့ ချစ်သူတွေဖြစ်ခဲ့တာ၊ဒါပေမယ့် ကံကြမ္မာက ရက်စက်လွန်းလှပါတယ် သူတို့ဘယ်လောက်ချစ်ချစ် ဝေးခဲ့ရတာပါဘဲ"

"ဘယ်လိုကြောင့် ဝေးခဲ့ရတာလဲ"

ရဝေမေးတော့ တီနုက သက်ပြင်းလေးတစ်ချက်ချခါ သူငယ်ချင်းမလေးနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးအားပြောပြလာသည်။

"တီနုတို့သူငယ်ချင်းသုံးယောက်က အထက်တန်းမှစပြီးခင်ခဲ့ကြတာ၊အဲ့ဒီအချိန်ကတည်းက ဝေက မိုးကိုသူငယ်ချင်းထက်ပိုတဲ့ ခံစားချက်တွေ ရှိနေကြောင်း တီနုကို ပြောပြတယ်။မိုးက တီနုတို့သုံးယောက်ထဲမှာ အလှဆုံးနဲ့ လူချစ်လူခင်အများဆုံးဘဲ၊ကောင်လေးတွေဆိုလည်း မိုးကို အရမ်းကြိုက်ကြတာ၊မိုးရဲ့ စာရေးခုံပေါ်မှာ ပန်းတို့၊စာတို့မရောက်တဲ့ နေ့ဆိုတာမရှိသလောက်ပါဘဲ။အဲ့စာတွေပန်းတွေကိုလည်း မိုးကထိတောင်မထိရဘူး ဝေကအကုန်လုံးကို အမိုက်တောင်းထဲပစ်ထည့်တော့တာပါဘဲ၊အဲ့တော့ စာပေးတဲ့ကောင်လေးတွေက ဝေ့ကိုဆိုမုန်းကြတာပေါ့"

"ဝေကတော့ ဂရုမစိုက်ပါဘူး နဂိုထဲက အကြောတင်းလေးကို၊မိုးကလည်း ဝေကို စိတ်မဆိုးဘူး၊ရသမျှစာ‌
တွေပန်းတွေကို လုပ်ချင်တာလုပ်ဆိုပြီး ခွင့်ပြုထားတာ၊အဲ့လိုနဲ့ အထက်တန်းအောင်ပြီး uniတက်တဲ့အချိန်မှာဘဲ ဝေကမိုးကို သူချစ်နေကြောင်းဖွင့်ပြောခဲ့တယ်"

"မိုးကလည်း သူလည်းဝေ့ကိုချစ်နေတာမို့ ဝေ့အချစ်ကိုလက်ခံခဲ့တယ်၊အဲ့အချိန်ကစလို့ ချစ်သူတွေဖြစ်ကြတယ်ဆိုပါတော့၊နှစ်ယောက်သားကလည်း တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိပြီး အရမ်းကိုချစ်ကြတာ၊ဘေးက တီနုတောင် သူတို့နှစ်ယောက်ရဲ့ အချစ်တွေ၊ဂရုစိုက်မှုတွေကို အထင်းသားမြင်တွေ့ရတဲ့ထိပါဘဲ။ဒါပေမယ့် ဝေကသူတို့ချစ်သူတွေဖြစ်ကြောင်းကို ဘယ်သူ့ကိုမှမပြော ခိုင်းဘူး၊တီနုတို့သုံးယောက်ဘဲ သိကြတာ၊သူများတွေပါသိရင် လိင်တူအချစ်ဆိုတော့ မိုးကိုကဲ့ရဲ့ကြမှာစိုးလို့ပါတဲ့"

သို့/ချစ်ရပါသောကောင်ဆိုးလေးWhere stories live. Discover now