🎼ပင်စိမ်းသီးပိုးထိုးရန်နိုင်ဦးကငါ့ကိုပိုး၊ငါ့ကိုပိုးဟေ့ငါ့ကိုပိုး🎼
"တိတ်တိတ်လေးလိုက်ခဲ့ပါကွာ၊ငါလူမိုက်ကြီးတောင်ရပ်ကွက်ထဲအဲ့လို့တစ်ခါမှသီချင်းအော်မဆိုဖူးပါဘူးရဝေလွင်ရယ်"
ရန်နိုင်ဦးတစ်ယောက်ရဝေလွင်ကိုခေါင်ရည်သောက်ခွင့်ပေးလိုက်တာအလွန်ကိုမှမှားသွားသည်၊အခုလည်းကျောပေါ်ကနေတစ်ချက်တစ်ချက်ပေါက်တက်ကရတွေထထအော်နေသည်၊တကယ်ပါကျွန်တော်ဒီလောက်ဆိုးပေနေတာတောင်အဲ့လိုတစ်ခါမှမအော်ဆိုဖူးပါဘူး
"ရှူး ငါ့အသံကောင်းတယ်မလား၊တိတ်တိတ်လေးနားထောင်နော်၊မင့်ကငါ့ကိုပိုးထားရတာဆိုတော့မောနေမှာဆိုးလို့အမောပြေသီချင်းဆိုပြနေတာ"
သူကတောင်ကိုယ့်ကိုတစ်ပြန်ဆရာလုပ်သွားသေးသည်၊အမောပြေသီချင်းလားအမောဖောက်သီချင်းလားမသိတော့ပါဘူး
🎼ပင်စိမ်သီးပိုးထိုးရန်နိုင်ဦးကငါ့ကိုပိုး၊..ငါ့ကိုပိုးဟေ့..ငါ့ကိုပိုး🎼
"ငါမမောပါဘူးကွာ၊မင့်သာအဲ့လိုကြီးထထမဆိုပါနဲ့၊ငါရှက်လို့ ..အား...အားရဝေလွင်လွှတ်နော်၊မင့်လက်ကိုအခုလွှတ်လိုက်"
စကားတောင်မဆုံးသေးသူ့လက်တွေကကျွန်တော့်ဆံပင်တွေကိုအားနဲ့ဆွဲလာသည်မို့အော်လို့က်ရသည်
"ဘာမဆိုနဲ့လည်း၊အဲ့ဒါမင့်ငါ့ကိုအသံမကောင်းဘူးလို့ပြောတာနဲ့အတူတူဘဲ၊မင့်ကိုမကျေနပ်ဘူး"
"အာ့ အား ၊နာတယ်လွှတ်ပါကွာ၊မင့်အသံကအကောင်းဆုံးပါဘဲကွာ၊မောနေမှာဆိုးလို့ငါကမဆိုခိုင်းတာပါ၊ငြိမ်ငြိမ်လေးအိပ်ပြီးလိုက်ခဲ့နော်၊အိမ်ရောက်မှရေသောက်ပြီးအဝဆိုပြငါနားထောင်းပေးပါ့မယ်"
"အေးတကယ်နော်၊အဲ့ဒါဆိုငါအိပ်လိုက်ဦးမယ်"
"ဟူးတော်ပါသေးရဲ့"
တကယ်လည်းပုခုံးပေါ်ခေါင်းမောက်ခါအိပ်သွားပြန်သည်၊အိပ်မှဘဲဒါမှမဟုတ်ရင်ရပ်ကွက်ကထွက်ရိုက်တာခံနေရမှဒုက္ခ၊ကိုယ်ကကိစ္စမရှိရဝေလွင်အမေတာဒီကိစ္စကြီးပြန်ကြားရင်ရဝေလွင်တော့ပြဿနာအကြီးကြီးတက်မှာအသေချာဘဲ
YOU ARE READING
သို့/ချစ်ရပါသောကောင်ဆိုးလေး
Fantasyဆိုးပေလွန်းလို့တစ်ရပ်ကွက်လုံးကချဉ်ဖတ်လို့သတ်မှတ်ထားတဲ့ကောင်လေးနဲ့မိဘရဲ့အုပ်ထိန်းမှုအောက်ကနေမလွှတ်မြှောက်နိုင်တဲ့ကောင်လေး၊သူတို့နှစ်ယောက်ရဲ့သူငယ်ချင်းသံယောဇဉ်ကနေဖြစ်ပေါ်လာမယ့်အချစ်ဇာတ်လမ်းလေးကိုလိုက်ပါဖတ်ရှုခံစားပေးကြပါဦး 1.8.2024