သို့/ချစ်ရပါသောကောင်ဆိုးလေး(၂၃)

213 9 0
                                    

"ဝေ ဘာတွေချက်နေတာလဲ အနံ့လေးကမွှေးနေတာဘဲ"

ဦးရန်လင်းတစ်ယောက် မီးဖိုခန်းထဲ၌ အိမ်အကူကောင်မလေးနှစ်ယောက်နဲ့အတူ ချက်ပြုတ်ရင်း အလုပ်ရှုပ်နေတဲ့မိန်းမဖြစ်သူကိုမေးလိုက်သည်။

"ကို တောင်အိပ်ယာထလာပြီလား၊ဒီနေ့တော့ အုန်းနို့ခေါက်ဆွဲလေးချက်ထားတယ်၊ စားတော့မလား"

"သားရော အိပ်ရာမထသေးဘူးလား"

"မထသေးဘူးထင်တယ်၊ခုထိဆင်းမလာသေးဘူး"

"အဲ့ဒါဆို သားနဲ့မှအတူစားရအောင်လေ ၊ဝေ့ကိုရော ကိုဘာကူရဦးမလဲ"

"ကူစရာမလိုတော့ပါဘူး ကိုရဲ့၊အကုန်ကျက်နေပြီ ခူးခပ်စားရုံဘဲ"

"ဟုတ်ပါပြီ‌ဗျာ၊ဝေ ဒီနေ့ဆိုင်သွားဦးမှာလား"

"သွားမှာလေ၊ဒီနေ့ဆိုင်ကို အထည်သစ်တွေရောက်မှာဆိုတော့ လူကိုယ်တိုင်ရှိနေမှဖြစ်မှာ "

ဦးရန်လင်းလည်း မိမိနဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်ကာ စကားပြောနေတဲ့ ဝေကိုသေချာကြည့်နေမိသည်၊မိမိအား ပုံမှန်အတိုင်း စကားပြောနေပေမယ့် မျက်နှာအမူအရာကတော့ စိတ်ဆင်းရဲစရာတစ်ခုခုရှိနေပုံပင်။

ဒီတလော သားနဲ့လည်းနှစ်ယောက်ထဲ တကျိတ်ကျိတ်
ပြဿနာဖြစ်နေသည်ကိုသူရိပ်မိပါသည်၊သားမိနှစ်ယောက်လုံးက ကိုယ့်ကို သိစေချင်ပုံမရတာကြောင့် မမေးဖြစ်တာဖြစ်သည်။အခုတော့မမေးလို့မရတော့ပါ၊
သားမိနှစ်ယောက်ကြား သူဝင်ဖြေရှင်းပေးမှရပါတော့မည်။

"ဝေ အခုတလောမျက်နှာလည်း မကောင်ပါလား၊ဘာတွေဖြစ်နေတာလဲ၊ကိုယ့်ကိုပြောလေ ဒါမှကိုယ်ဖြေရှင်းကူလို့ရမှာပေါ့"

ဦးရန်လင်းလည်း ဇနီးဖြစ်သူကို မေးလိုက်တော့ အားကိုးရာရသလို မျှော်လင့်ချက်အပြည့်နဲ့ကြည့်လာသည်၊မကြာပါ မျက်နှာလေးက ပြန်မှိုင်သွားခါ ဘာမှမဖြစ်ကြောင်း ခေါင်းလေးခါကာပြောလာသည်။

"ဘာမှ မဖြစ်ပါဘူး၊ဝေနေမကောင်းလို့ နေမှာပါ"

"နေ‌မကောင်းလို့နေမှာ‌ပါဆိုတော့ ဝေတကယ်နေမကောင်းဖြစ်နေတာမဟုတ်ဘူးမလား၊ဝေပြောမှ ကိုက‌ကူညီနိုင်မှာပေါ့၊ဝေက ကိုနဲ့မတိုင်ပင်ဘဲ ဘယ်သူနဲ့များတိုင်ပင်ချင်နေသေးတာလဲ ဝေရယ်"

သို့/ချစ်ရပါသောကောင်ဆိုးလေးWhere stories live. Discover now