သို/ချစ်ရပါသောကောင်ဆိုးလေး(၁၆)

239 7 4
                                    

"မင့်တို့ကဘုန်းကြီးကျောင်းဘယ်မှာလဲသိလို့လား"

ရှေ့ကနေသူတို့ကိုယ်သူတို့ဒီရွာသားတွေလိုရွာကလမ်းမျက်လုံးမှိတ်ပြီးလျှောက်နိုင်နေတဲ့အတိုင်းသွားနေတဲ့လေးယောက်ကိုရဝေလွင်ကမေးလိုက်သည်

"မသိဘူးလေ၊မင်းတို့ရောသိလား"

ရဲလွင်ဦးကသူမသိကြောင်း‌ပြောခါကျန်သုံးယောက်ကိုပြန်မေးနေလိုက်သေးတယ်

"ငါတို့လည်းမသိဘူး"

"ကောင်းရောဘဲ၊သူတို့ဘဲသိသလိုလိုနဲ့သွားနေကြပြီး၊အခုဘယ်လိုသွားမှာလဲ"

"ပါးစပ်ပါရွာရောက်တဲ့မကြားဖူးဘူးလား၊လမ်းမှာတွေတဲ့တစ်ယောက်ယောက်ကိုမေးလိုက်ရတာဘဲ"

ရဲလွင်ဦးကပြောရင်းအရှေ့ကနေလာနေတဲ့ရဝေတို့နဲ့ရွယ်တူကောင်လေးတစ်ယောက်ကိုမေးလိုက်သည်

"ဒီကညီလေး၊ဘုန်းကြီးကျောင်းကိုဘယ်လိုသွားရမလဲ"

"အကိုတို့လာတာလမ်းမှာနေတယ်၊နောက်ကိုပြန်သွားရမှာ၊ကျွန်တော်လည်းဘုန်းကြီးကျောင်းသွားမလို့ဘဲတခါတည်းလိုက်ခဲ့လိုက်လေ"

"အေးကောင်းတာပေါ့၊သွားကြရအောင်လေ"

ထိုကောင်လေးရဲ့နောက်ကနေဘဲအားလုံးလိုက်သွားကြတော့သည်

"အကိုတို့ကဘယ်အိမ်ကိုလာတဲ့ဧည့်သည်တွေလဲ"

"ဆရာမကြီးဒေါ်သန်းညွှန့်အိမ်လာတာလေ"

"အော်ဆရာမကြီးဆီလား၊ဆရာမကြီးကအိမ်ထဲကအိမ်ပြင်သိပ်မထွက်တော့အကိုတို့ကိုလည်းရွာထဲလိုက်မပြ‌ရလောက်သေးဘူး၊ဘုရားပွဲပြီးရင်ကျွန်တော်ရွာကိုလိုက်ပြပေးမယ်လေ၊အခုတော့တစ်ရွာလုံးအလုပ်ရှုပ်နေကြတယ်"

ရဲလွင်ဦးကဘဲအပေါင်းသင်းကောင်းတာလားရွာကလူတွေကဘဲဖော်ရွေတာလားမသိ၊သူကတော့အခုမှတွေ့တဲ့သူနဲ့တောင်စကားတွေဖောင်ဖွဲ့ခါမိတ်ဆွေဖြစ်နေပြီ

သိပ်ဝေးဝေးမလျှောက်လိုက်ရရွာဘုန်းကြီးကျောင်းရှေ့
ကိုရောက်လာခဲ့ပြီ၊ဘုန်းကြီးကျောင်းဝင်းကြီးကအတော်လေးကျယ်ပြီးအပင်ပေါင်းစုံစိုက်ပျိုးထားသည်၊ကျောင်းဝင်းထဲဝင်လိုက်တာနဲ့သစ်ရိပ်ဝါးရိပ်ရဲ့အေးမြမှုကိုခံစားရသည်

သို့/ချစ်ရပါသောကောင်ဆိုးလေးWhere stories live. Discover now