သို့/ချစ်ရပါသောကောင်ဆိုးလေး(၃၀)

203 12 0
                                    

ရဝေမနက် အိပ်ယာနှိုးလာတော့ ဘေးမှာအိပ်နေတဲ့
ရန်နိုင်ဦးက မရှိတော့ပါ ၊အိပ်ယာထသွားပြီထင်သည်၊ အခါတိုင်းနေ့များဆို မီးဖိုချောင်ထဲမှ ချက်ပြုတ်သံတွေကြားရတတ်ပေမယ့် ဒီနေ့မှာတော့ မီးဖိုချောင်းထဲကလည်း ဘာသံမှ မကြားရပါ။

မနေ့ညကမှ ရဝေအိမ်မှာ လာအိပ်တယ်ဆိုပေမယ့်
သူရွာကို ရောက်လာတဲ့ နေ့ကစလို့ တစ်ပတ်လုံး မနက်စောစောအိမ်ကို ရောက်လာခါ မနက်စာ ချက်‌ပြုတ်ပေးတက်သည်။နေ့လည်ဆိုလည်း အိမ်သန့်ရှင်းရေး၊ရေခပ် ၊ထင်းပေါက်သာကအစ သူအကုန်လုပ်သည်။တစ်ခါတလေဆို ရဝေရဲ့ အဝတ်စားကိုပင် လျှော်ပေးထားတက်သည်။

ကျောင်းကပြန်လာချိန်ဆိုလည်း ရေမိုးချိုးဖို့အတွက်
ရေအိုးတွေထဲ၌ ရေအပြည့်ခပ်ထည့်ထားပြီးထားဖြစ်သည်။ဒီရွာမှာက ရေကိုအေးအေးလေးဖြစ်စေရန် စဉ့်အိုးတွေထဲမှာထည့်ထားတက်သည်။

ရဝေ သူ့ကို ဒီအိမ်မှာ လာမအိပ်ခိုင်းတဲ့ ညတွေတုန်းကဆိုလည်း ခြံရှေ့မှာ လာလာရပ်နေတက်သည်။ ရဝေရဲ့အိပ်ခန်းလေး မီးပိတ်ပြီဆိုမှ အိမ်ရှေ့ကနေ ပြန်သွားတက်သာ ရဝေသိပါသည်။

ဒီတပတ်အတွင်း ရန်နိုင်ဦးရဲ့ ရဝေအပေါ် ‌ ဂရုစိုက်မှုတွေက အတိုင်းထက်အလွန်ပါဘဲ၊အရင်ကထက်ကို ပိုတယ်လို့တောင် ပြောလို့ရသည်။ ရဝေကလည်း သူ့ကို အရမ်းလွမ်းနေရသူမို့ အရင်ကလို ပြန်ပြီးအစဉ်ပြေပြေရှိချင်ပါပြီ၊ဒါပေမယ့်လည်း ဒီလိုမျိုးလွယ်လွယ်နဲ့တော့ ခွင့်လွှတ်မပေးချင်တာကြောင့် သူချော့လည်း မပျော့စေရန် တင်းခံထားရပါဦးမည်။

ရဝေ အတွေးတွေကိုရပ်ခါ မျက်နှာသစ်၊သွားတိုက်ရန်အတွက် အိမ်အောက်သို့ ဆင်းခဲ့လိုက်သည်။လှေကားထိပ်ကနေ အိမ်ရှေ့ကို ကြည့်မိလိုက်တော့ဘောင်ဖော်ပြီး မြေဖွထားတဲ့ပေါ်မှာ အပင်တချို့ စိုက်နေတဲ့ ရန်နိုင်ဦးကို တွေ့လိုက်သည်။

ရန်နိုင်ဦးကလည်း ရဝေ သူ့ကိုကြည့်နေတာ ခံစားမိလို့ထင်သည် နောက်ကျောပေး အပင်စိုက်နေရာကနေ ရဝေဘက်သို့ လှည့်ကြည့်ခါ ပြုံးပြလာသည်။

မနက်ခင်း နေရောင်နဲ့အပြိုင် တောက်တောက်ပပ ပြုံးနေသည်မှာ ရဝေရင်ကို လှုပ်ခက်သွားစေသည်။မျက်လုံးအကြည့်တွေကအစ ရွှန်းရွှန်းဝေနေပြီး ချစ်ခြင်းအပြည့်နှင့်ဖြစ်သည်။

သို့/ချစ်ရပါသောကောင်ဆိုးလေးWhere stories live. Discover now