ရဝေကျောင်းကပြန်လာချိန်ညောင်ပင်အောက်တွင်ထိုင်နေတဲ့ရန်နိုင်ဦးကိုတွေ့တာကြောင့်သူ့ရှေ့တည့်တည့်တွင်ဆိုင်ကယ်ကိုရပ်လိုက်သည်၊တဆက်တည်းမှာဘဲစောင်းထားတဲ့ဆိုင်ကယ်ဦးထုပ်ကိုပါချွတ်လိုက်သည်
"ဒီမှာထိုင်ပြီးငါပြန်လာမယ့်အချိန်ကိုစောင့်နေတာလား"
"ကျစ်..စိတ်ရှုပ်စရာငါကဘာလို့မင်းကိုစောင့်နေရမှာလည်း"
ကျစ်တချက်သတ်လို့လူမိုက်စတိုလ်ဂျစ်ကန်ကန်အကြည့်နဲ့ကြည့်ပြီးပြောလာတဲ့ရန်နိုင်ဦးကိုရဝေခေါင်းယမ်းကာသာအပြုံးတစ်ချက်နဲ့ကြည့်နေလိုက်သည်"အိမ်ပြန်စရာရှိသာတာပြန်စမ်းပါကွာအာရုံလာမစားနဲ့"
ရဝေရဲ့ပုခုံးတစ်ဖက်ကိုယ်တွန်းလို့အိမ်ပြန်ရန်သာပြောနေသည်၊အားမပါသာကြောင့်နာတော့မနာပါ"ဘာလို့အတင်းနှင်လွှတ်နေရတာလဲ၊ဘာလဲမင်းကောင်မလေးရနေပြီလား"
ရဝေပြောတဲ့စကားကြားပြီးနောက်မျက်ခုံးတစ်ဖက်ပင့်လို့သူ့မူပိုင်အကြည့်နဲ့မိုက်ကြည့် ကြည့်လာတယ်၊အကြည့်ထဲမှာလဲရှုပ်ကိုရှုပ်လွန်းတယ်လို့ပြောနေတာကအသိသာ
"ပြန်မှာသာပြန်စမ်းပါကွာ၊ရှုပ်ရှုပ်ယှက်ယှက်ဘာရည်းစားမှမထားဘူး၊သွား..သွားပြန်တော့"
"တကယ်မထားဘူးနော်၊သေချာတယ်နော်"ရဝေကလက်ညိုးထိုးလို့မျက်လုံးတစ်ဖက်မှေးကာမယုံသလိုအကြည့်နဲ့ကြည့်ပြီးမေးလိုက်တော့
"ကဲ..ပြန်ပါတော့ဆိုတာကိုစကားကရှည်တယ်"
ရန်နိုင်ဦးကပြောလည်းပြောရဝေချွတ်ထားတဲ့ဦးထုပ်ကိုလည်းပြန်စောင်းပေးရင်းမေးတိုင်းကြိုးပါတစ်ခါတည်းတက်ပေးလာသည်"ဦးထုပ်လည်းစောင်းပြီးပြီးဆိုတော့ပြန်တော့နော်..အိမ်ပြန်နောက်ကျလို့မေမေ့သားလေးအဆူခံနေရဦးမယ်"
နောက်ကျောကိုခပ်ဖွဖွအသာရိုက်လို့အိမ်ပြန်ရန်သာပြောနေတော့သည်
"ပြန်မှာပါ..အတင်းကိုနှင်နေတော့တာဘဲ"
ရဝေလည်းဆူအောင့်အောင့်ပြောပြီးဆိုင်ကယ်မောင်းထွက်လာခဲ့လိုက်တော့တယ်
YOU ARE READING
သို့/ချစ်ရပါသောကောင်ဆိုးလေး
Fantasyဆိုးပေလွန်းလို့တစ်ရပ်ကွက်လုံးကချဉ်ဖတ်လို့သတ်မှတ်ထားတဲ့ကောင်လေးနဲ့မိဘရဲ့အုပ်ထိန်းမှုအောက်ကနေမလွှတ်မြှောက်နိုင်တဲ့ကောင်လေး၊သူတို့နှစ်ယောက်ရဲ့သူငယ်ချင်းသံယောဇဉ်ကနေဖြစ်ပေါ်လာမယ့်အချစ်ဇာတ်လမ်းလေးကိုလိုက်ပါဖတ်ရှုခံစားပေးကြပါဦး 1.8.2024