သို့/ချစ်ရပါသောကောင်ဆိုးလေး(၂၂)

203 7 2
                                    

ဖေဖေရဲ့ အလုပ်ပိတ်ရက်ဖြစ်သာကြောင့် ရဝေတို့သားဖသုံးယောက်  ဧည့်ခန်းထဲ၌ထိုင်ကာ စကားပြောဖြစ်နေကြသည်။အဓိကအကြောင်းကတော့ ရဝေဘယ်ကျောင်းကိုလျှောက်မလဲ ဆိုတာပါဘဲ။‌မေမေကတော့ ရပ်ဝေးတွေ မသွားစေချင်တာကြောင့် သူ့အသိဘော်ဒါဆောင်၌သာ လုပ်စေချင်သည်။

"သား အစိုးရကျောင်းဆရာဘဲ လုပ်ချင်တယ်မေမေ၊အရမ်းဝေတဲ့နေရာတွေကျလည်း နှစ်နှစ်၊သုံးနှစ်ဆိုပြန်ပြောင်းလို့ရတာဘဲ"

"သားကမိဘတွေနဲ့ တစ်ခါမှခွဲဖူးတာလည်းမဟုတ်ဘူး၊သားတစ်ယောက်ထဲသွားနေရမှာ၊ စားရေးသောက်ရေးကအစ ဒုက္ခရောက်နိုင်တယ်၊မေမေတော့စိတ်မချပါဘူး"

မေမေကလည်းသူ စိတ်မချလို့ ဒီမြို့မှာသာ ဘော်ဒါဆောင်၌ ဆရာဝင်လုပ်ရန်ပြောနေသလို၊ရဝေကလည်း အစိုးရကျောင်းဆရာသာလုပ်ချင်ပြီး ဘယ်နေရာကျကျသွားမည်ဖြစ်ကြောင်း သားမိနှစ်ယောက် အပြန်လှန်ငြင်းနေကြသည်။ဖေဖေကတော့ ရဝေတို့သားမိနှစ်ယောက်ပြောနေသည်များကိုသာ သေချာနားထောင်နေသည်။ဘယ်သူဘက်ကများ ကူပြောမလဲ စောင့်နေရသည်။

"ရဝေလွင် သားကမေမေ့ စကားကိုနားမထောင်တော့ဘူးဘဲ၊ဘာလဲ ငါ့ခြေထောက်ပေါ် ငါရပ်နိုင်ပြီဆိုပြီးများ မေမေကိုအာခံချင်နေတာလား"

မေမေက ချိုချိုသာသာ နားချမရလို့ထင်ပါရဲ့ ရဝေကိုဒေါသထွက်ကာ အသံမာလာပြီဖြစ်သည်။

"သားမေမေကို အာခံနေတာမဟုတ်ပါဘူး၊သားဖြစ်ချင်တာကိုဘဲ ပြောပြနေတာပါ"

ရဝေကလည်း မျက်နှာလေးကိုငယ်ခါ အသံကိုပါသနားစရာကောင်းအောင်လုပ်ပြောလိုက်သည်၊ဒါမှဖေဖေက ရဝေဘက်က ကူပြောပေးချင်မှာဖြစ်သည်။သားဖနှစ်ယောက်ပြောတော့ မေမေကို နားချရလွယ်တာပေါ့။

"ကဲတော်ပြီ၊သားမိနှစ်ယောက်ငြင်းနေတာရပ်ကြဦး၊ဖေဖေပြောမယ် ခဏနားထောင်ကြ"

ရဝေထင်တဲ့အတိုင်းဘဲ ဖေဖေက နားထောင်မနေနိုင်တော့ဘူးထင်တယ် ဒီကိစ္စထဲဝင်ပါလာပြီ

"‌ကိုယ်ကတော့ သားဘက်ကနေ ကူပြောပေးရမှာဘဲ"

ဖေဖေ့စကားကိုကြားတော့ မေမေက ‌ဖေဖေကိုပါမကရဝေကိုပါ မျက်စောင်းထိုးကာကြည့်သည်။ရဝေကတော့
သွားလေးပေါ်အောင်သာရီပြလိုက်ပါသည်။

သို့/ချစ်ရပါသောကောင်ဆိုးလေးWhere stories live. Discover now