"ဆရာလေး ကျောင်းက ပြန်လာတာ နောက်ကျတယ်နော့်"
"ဟုတ်တယ်အရီးလေးရေ၊ဒီနေ့ ကျောင်းဆင်းချိန် ဆရာ၊ဆရာမတွေ အစည်းဝေးရှိလို့ ခုမှပြန်လာရတာ၊
အရီးလေးက ဘယ်သွားမလို့လည်း နေစောင်းနေပြီဆိုတော့ ယာထဲတော့မဟုတ်လောက်ဘူး""ဟုတ်တယ်ဆရာလေးရေ၊ ဆရာလေးရဲ့ တပည့်
ရှိုင်းခန့်အောင်ရယ် ခုထိအိမ်ပြန်ရောက်မလာသေးဘဲ ရွာထိပ်မယ် ဘောလုံးသွားကန်နေတယ်ဆိုလို့ လိုက်ခေါ်ရဦးမယ်၊ မြေးလေးတစ်ယောက်ရှိသာ အိမ်မှာမျောက်မွေးထားသလိုပါဘဲ ဆရာလေးရယ်""ကလေးဆိုတော့ ဒီလိုဘဲပေါ့ဗျာ ၊ငယ်တုန်းဆိုတော့
အဆော့သန်တာ""သူအဆော့သန်တာကလည်း လွန်ပါတယ်၊ ဘေးအိမ်က အောင်ချိန်ထွန်းလေးတောင် သူ့ထက်ငြိမ်တယ်ပြောရမယ်၊ ပြောသာ ပြောရတယ် နှစ်ယောက်သားက တွေ့တာနဲ့ ကိုက်နေကြလို့ လူကြီးတွေအချင်းချင်းမယ် မျက်နှာ မပျက်အောင် ထိန်းနေရတယ်၊ ပြီးရင်သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက်မတွေ့ ရရင်ကလည်း ခြံစည်းရိုးကို ကျော်လို့ချောင်းကြသေးတာ၊ ဘယ်လိုကလေးတွေလည်းကို မသိတော့ပါဘူး ဆရာလေးရယ်"
အရီးလေးရဲ့ သူ့မြေးကောင်းကြောင်းတွေ ဖောက်သည်ချနေတဲ့ စကားကြောင့် ရဝေမှာ သဘောကျခါ ခပ်ပြုံးပြုံးဖြစ်နေရသည်။
"ကျောင်းမှာလည်း အဲ့လိုပါဘဲ အရီးလေးရေ၊ တစ်ခုံထဲအတူတူထိုင်ပြီး ရန်ခဏတိုင်းဖြစ်နေတာ၊ ရန်ဖြစ်လို့ နေရာခွဲထိုင်ခိုင်းလည်း မရဘူး၊ လစ်တာနဲ့ ဘေးချင်းကပ် ပြန်ဖြစ်သွားရော၊တစ်ယောက်နဲ့ တစ်ယောက် မခင်ကြတာလည်း မဟုတ်ဘူးရယ်၊ သံယောဇဉ်ကရှိရဲ့သားနဲ့
ခဏတိုင်း ရန်ဖြစ်နေကြတာ""ကျောင်းမှာဆိုးလို့ကတော့ ကျွန်မတို့ကို အားမနာဘဲ
ဆုံးမစရာရှိသာတာ ဆုံးမပါ၊စကားကောင်းနေတာနဲ့ ဆရာလေးတောင် အိမ်ပြန်နောက်ကြတော့မယ် ၊ကျွန်မလည်း အဲ့မျောက်လောင်းလေးကို သွားခေါ်လိုက်ပါဦးမယ်""ဟုတ်ကဲ့ပါဗျ၊ အရီးလေးလည်း ဂရုစိုက်သွားပါ"
ရဝေ အရီးလေးကို နှုတ်ဆက်ပြီး အိမ်သို့ခပ်သွက်သွက်ပြန်လာခဲ့လိုက်သည်။ရေလည်း မချိုးရသေးတာကြောင့် လူက ငြီးစီစီဖြစ်နေပြီ၊ အိမ်ပြန်ရောက်တာနဲ့ ခဏနားပြီးရေချိုးဖို့ တွေးထားလိုက်သည်။
YOU ARE READING
သို့/ချစ်ရပါသောကောင်ဆိုးလေး
Fantasíaဆိုးပေလွန်းလို့တစ်ရပ်ကွက်လုံးကချဉ်ဖတ်လို့သတ်မှတ်ထားတဲ့ကောင်လေးနဲ့မိဘရဲ့အုပ်ထိန်းမှုအောက်ကနေမလွှတ်မြှောက်နိုင်တဲ့ကောင်လေး၊သူတို့နှစ်ယောက်ရဲ့သူငယ်ချင်းသံယောဇဉ်ကနေဖြစ်ပေါ်လာမယ့်အချစ်ဇာတ်လမ်းလေးကိုလိုက်ပါဖတ်ရှုခံစားပေးကြပါဦး 1.8.2024